အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Sunday, August 4, 2013

ဘဝဆိုတာစောင့်မျှော်ရင်း ပျော်စရာ



ဘဝဆိုတာစောင့်မျှော်ရင်း ပျော်စရာ

မန္တလေးမှာ ရွှာလိုက်တဲ့ မိုး။ မိုးရွှာတော့ မြို့ပြမှာဘာလုပ်ရမှန်းမသိ။ ထုံးစံတိုင်းဆို အလုပ်မရှိ လက်ဖက်ရည်ဆိုထိုင် လေပန်းရုံသာ။မိုးက စွေတော့ ဘယ်မှမသွားချင်သလို ဘာမှလည်းမလုပ်ချင်။ ရွှာမှာဆိုရင်တော့ အနည်းဆုံးတော့ ငှက်ကလေးတွေရဲ့အသံတွေ ကြားရသည်။ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလို…………
ငှက်ကလေးက စိုးစီစိုးစီ
ဝင်ပေါက်မှာ မြည်။
တေးဆိုမပျက်တဲ့ မိုးစွေငုက်က။ သူလုပ်ရမည့် အလုပ်ကို လုပ်နေတယ်။ ဝေဝေဝါးဝါး အခြားမတွေး။ တေးဆိုရင်း နုပိုနေသည်။ ကျွန်တော့်မှာတော့ တေးမဆိုနိုင်။ ပျင်းရိခြင်းရောဂါထနေသည်။ ပျင်းရင် အခါတိုင်းလို ရုင်ရှင်ကြည့်ရုံသာ။ အနီးနာ စာအုပ်စားပွဲပေါ်က စီဒီ တစ်ချပ် ကွန်ပူတာထဲ ထိုးလိုက်သည်။ Terminal (Life is waiting) တွန်ဟန့် ကြီး။ လေယာဉ်ကွင်းထဲမှာ ရည်မှန်းချက်၊ရည်ရွှယ်ချက် တစ်ခု အတွက် အခက်အခဲတွေကိုဖြတ်ကျော်ရင်း ပျော်ပျော်ရွှင်ရွှင်။ Life is waiting !။ တွန့်ဟန်ကြီး ကို ကြည့်ပြီး ကျွန်တော့်မှာ ပျော်တာလိုလို၊ အားတတ်တာလိုလို။ ပြုံးရင်း၊ ပျော်ရင်း။ သီချင်းတစ်ပုဒ် ထအော်ပြစ်လိုက်သည်။
 သံမဏီ လိပ်ပြာထဲ က လင်းလင်းရဲ့သီချင်း-ဖွင့်နားထောင်ရင်း အော်ပစ်လိုက်တယ်။
***တစ်ယောက်ထဲ မမေးဘူးတဲ့ မေးခွန်များ  တွေးတောပြီး အိပ်မက်
***တစ်ယေက်ထဲ မပြောဘူးတဲ့ စကားလုံးများ သုံးနူန်းရင်း အိပ်မက်
***ပြဇာတ်တစ်ပုဒ်ပါ ဘဝဆိုတာ အိပ်မက်
***လှေကလေးတစ်စီး စီးပြီးအဝေးသို့ ခရီဆက်မယ်
***ငါဆုံးဖြတ်ချက်တစ်ခုတော့ တွေ့ထားတယ်
***ရေ……..ငါရယ်(ရီ)စရာတွေနဲ့ နောက်နေ့ အသက်ရှင်မယ်။

Saturday, August 3, 2013

ဘဝဆိုတာစောင့်မျှော်ရင်း ပျော်စရာ

ဘဝဆိုတာစောင့်မျှော်ရင်း ပျော်စရာ မန္တလေးမှာ ရွှာလိုက်တဲ့ မိုး။ မိုးရွှာတော့ မြို့ပြမှာဘာလုပ်ရမှန်းမသိ။ ထုံးစံတိုင်းဆို အလုပ်မရှိ လက်ဖက်ရည်ဆိုထိုင် လေပန်းရုံသာ။မိုးက စွေတော့ ဘယ်မှမသွားချင်သလို ဘာမှလည်းမလုပ်ချင်။ ရွှာမှာဆိုရင်တော့ အနည်းဆုံးတော့ ငှက်ကလေးတွေရဲ့အသံတွေ ကြားရသည်။ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလို………… ငှက်ကလေးက စိုးစီစိုးစီ ဝင်ပေါက်မှာ မြည်။ တေးဆိုမပျက်တဲ့ မိုးစွေငုက်က။ သူလုပ်ရမည့် အလုပ်ကို လုပ်နေတယ်။ ဝေဝေဝါးဝါး အခြားမတွေး။ တေးဆိုရင်း နုပိုနေသည်။ ကျွန်တော့်မှာတော့ တေးမဆိုနိုင်။ ပျင်းရိခြင်းရောဂါထနေသည်။ ပျင်းရင် အခါတိုင်းလို ရုင်ရှင်ကြည့်ရုံသာ။ အနီးနာ စာအုပ်စားပွဲပေါ်က စီဒီ တစ်ချပ် ကွန်ပူတာထဲ ထိုးလိုက်သည်။ Terminal (Life is waiting) တွန်ဟန့် ကြီး။ လေယာဉ်ကွင်းထဲမှာ ရည်မှန်းချက်၊ရည်ရွှယ်ချက် တစ်ခု အတွက် အခက်အခဲတွေကိုဖြတ်ကျော်ရင်း ပျော်ပျော်ရွှင်ရွှင်။ Life is waiting !။ တွန့်ဟန်ကြီး ကို ကြည့်ပြီး ကျွန်တော့်မှာ ပျော်တာလိုလို၊ အားတတ်တာလိုလို။ ပြုံးရင်း၊ ပျော်ရင်း။ သီချင်းတစ်ပုဒ် ထအော်ပြစ်လိုက်သည်။ သံမဏီ လိပ်ပြာထဲ က လင်းလင်းရဲ့သီချင်း-ဖွင့်နားထောင်ရင်း အော်ပစ်လိုက်တယ်။ ***တစ်ယောက်ထဲ မမေးဘူးတဲ့ မေးခွန်များ တွေးတောပြီး အိပ်မက် ***တစ်ယေက်ထဲ မပြောဘူးတဲ့ စကားလုံးများ သုံးနူန်းရင်း အိပ်မက် ***ပြဇာတ်တစ်ပုဒ်ပါ ဘဝဆိုတာ အိပ်မက် ***လှေကလေးတစ်စီး စီးပြီးအဝေးသို့ ခရီဆက်မယ် ***ငါဆုံးဖြတ်ချက်တစ်ခုတော့ တွေ့ထားတယ် ***ရေ……..ငါရယ်(ရီ)စရာတွေနဲ့ နောက်နေ့ အသက်ရှင်မယ်။

Tuesday, May 21, 2013



လှပတဲ့ရသ

အပြစ်ရှိရင်လဲ
အချစ်နဲ့ကြည့်၇မယ်

အခက်အခဲဆိုတဲ့ချောက်ကို
လက်တွဲလို့လျှောက်တော့
သက်ခြောက်ပင်က ရွက်နုဝေ
ဖုန်းဆိုမြေက အိုအေစစ်
အချစ်ဆိုတဲ့တေးဂီတ
လှပတဲ့ ရသတစ်ပါး
ခံစားကြည့်ကွယ်။

အကြင်နာပန်း
ညင်သာတဲ့အနမ်းတွေနဲ့
စခန်းကချစ်စဖွယ်
မောင်မယ်တို့ရဲ့ပိုရွယ်တေး။

မိုးဆက်သစ်တည်ထောင်
က်ျှလူ့ဘောင်ပွင့်သစ်ဖြိုးစေတော့
အမိုး၏ဂုဏ်ကိုစောင့်
မောင့်ဂုဏ်မယ့်ဂုဏ်မြင့်
အတင့်အတယ်နဲ့
အပွင့်တွေကြွယ်ကြွယ်လျှမ်းအောင်
လှမ်းကြတော့လေး။
တင်မိုး
၁၆.၁.၁၉၉၁


ညီမလေးကိုလည်း လှစေချင် ကမ္ဘာကြီးကိုလည်းလှစေချင်
ညီမလေးကို လှစေချင်လွန်းလို့
အကောင်းဆုံး အလှပြင်ဆိုင်ကို လိုက်ပို့ပေးမယ်
အလှဆုံး ဆံပင် ပုံစံလည်း ပြင်လို့ရတယ်
မျက်လုံးမျက်ခုံး မျက်တောင် နူတ်ခမ်း သွား
အသားအရေ လက်သည်း ခြေသည်း
ညီမလေး တစ်ကိုယ်လုံးကို
ပြစ်မိုးမှဲ့မထင် လှအောင် ပြင်လို့ရတယ်
အတော်ဆုံး ဖက်ရှင်ဒီဇိုင်နာ ထွင်ထားတဲ့
အလှဆုံးဝတ်စုံ အသင့်ရှိတယ်
အဖိုးတန်ဆုံး လက်ဝတ်ရတနာတွေဆင်မြန်းပေးမယ်
ညီမလေးကို လှစေချင်သလို
ကမ္ဘာကြီးကိုလည်း လှစေချင်ပါတယ်
ကမ္ဘာကြီးကို အလှပြင်ဖို့
အလှပြင်ဆိုင်က ဘယ်မှာလဲ
ပါရီမှာလား ကိုပင်ဟေပင်မှာလား ဒူဘိုင်းမှာလား
ဘယ်မှာမှ မရှိဘူး
ငါတို့ရဲ့ အသိဥာဏ်ပညာမှာ
ငါတို့ရဲ့ စိတ်ကောင်းစေတနာမှာပဲရှိတယ်
စစ်နဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့
ရောဂါဘယတွေနဲ့ ဆင်းရဲချမ်းသား ကွာဟမူတွေနဲ့
ကမ္ဘာကြီးခမျာ အကျည်းတန်လှပြီ
ကမ္ဘာကြီးကို အလှမွေးငါးတစ်ကောင်လို လှစေချင်တယ်
တောနဲ့ တောင်နဲ့ ကောင်းကင်နဲ့ ပင်လယ်နဲ့
နေရောင် လရောင် ကြယ်ရောင်တွေနဲ့
ရေတံခွန်နဲ့ သက်တံနဲ့
ကျေးငုက်ကလေးတွေရဲ့ ချစ်စဖွယ် ဂီတသံနဲ့
သန့်စင်တဲ့ လေထုနဲ့
ရေကောင်းရေသန့်တွေနဲ့
ပန်းရနံတွေ သင်းပျံ့လို့
ငါတို့ရဲ့ သားသမီး မြေးမြစ်တွေ ခောတ်အထိ
ကမ္ဘာကြီးကို အလှမပျက်ဘဲ ရှိစေချင်တယ်
ငါတို့ရဲ့ တိုင်းပြည်နဲ့ လူမိုးကို လှစေချင်တယ်
တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို လှစေချင်တယ်
ဧရာဝတီမြစ်ကြီးကို လှစေချင်တယ်
ညီမလေးကိုလည်း လှစေချင်တယ်
ကမ္ဘာကြီးကိုလည်း လှစေချင်တယ်။ ။


မန္တလေး
မန္တလေးဆိုတာ
တစ်ခါက
ငါ တယုတယစီးခဲ့ရတဲ့ ဖိနပ်တစ်ရန်ပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါ ခက်ခက်ခဲခဲသောက်ခဲ့ရတဲ့ ဘီယာတစ်ခွက်ပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါစွဲလမ်းနှစ်သက်ခဲ့ရတဲ့ ရမ်အရက်တစ်ပုလင်းပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါကျကျနနဝတ်ခဲ့ရတဲ့ ရှပ်အင်္ကျီတစ်ထည်ပေါ့။
ခုတော့
မန္တလေးဆိုတာ
မိဘစကားကို မလွန်ဆန်နိုင်လို့
ချမ်းသာတဲ့ယောက်ျားကို မနှစ်သက်ဘဲယူခဲ့ရတဲ့
ရိုးရိုးအအ မိန်းကလေးတစ်ယောက် ဖြစ်နေပါပေါ့လား။
လှသန်း


သီးချင်း ၃ ပုဒ်
ဒီည သီချင်း ၃ ပုဒ် နားထောင်ဖြစ်တယ်
ဂျွန်လင်နွန်ရဲ့ ‘စိတ်ကူးနိမိတ်ပုံ’
“ကမ္ဘာကြီးကို မျှဝေခံစားကြမယ်” တဲ့
ဖရက်ဒီမာကြူရီိရဲ့ “မေတ္တာတရားက ကိုယ့်ဘဝ”
ဘော့ဒိုင်လန် ရဲ့ ‘ဒီအချိန်မှာ သူတို့ပြောင်းလဲရလိမ့်မယ်’
သီချင်းတွေနဲ့ နေရတာ စိတ်ချမ်းသာစရာ။