အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Tuesday, May 21, 2013

ကျွန်တော်ဖတ်ဖြစ်တဲ့ ကဗျာလေးတွေ။

ကိုယ်တွေ့ ကျွန်တော်ဟာ မာသာထရီဇာလောက် လူသားတွေကို ကရုဏာ မထားနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကိုယ့်အမှားနဲ့ ကိုယ်နေထိုင်ပါတယ် ကိုယ့်တရားနဲ့ ကိုယ်နေထိုင်ပါတယ် အဲဒါဟာ ကျွန်တော်ရဲ့ ယဉ်ကျေးမူပေါ့ တခို့တွေ တိုက်မရှိလို့ အားငယ်ရ ကားမရှိလို့ အားငယ်ရ ဖုန်းမရှိလို့ အားငယ်ရ စားစရာမရှိသူ ငယ်စရာ အားမရှိ လိုအပ်ချက်တွေနဲ့ လူ့အဖြစ် ယင်လုံအိမ်သာလည်းလိုအပ် ကွန်ပူတာလည်းလိုအပ် ဗေဒင်ယတြာလည်းလိုအပ် “အပ်အပ်စပ်စပ်လုပ်ကြ” တဲ့ ရှင်ဇနကာဘိဝံသ မိန့်တော်မူတယ် ဖြစ်နေတာတွေက မအပ်မစပ် ငွေတစ်ကျပ်နဲ့ စိန်နားကပ်ပန်ချင်သူလည်းရှိ သနားလို့ရေပေးခိုးတာ ဆပ်ပြာခိုးသွားသူလည်းရှိ ရောဂါကိုမွေးစားပြီး သမားကိုဝေးဝေးရှောင်သူလည်းရှိ ဘယ်လိုလုပ်ကြမလဲ ကိုယ့်အနုပညာနဲ့ကိုယ် သေချာပြီးမှတော့ ကြောငြာမလို တွေ့ဆုံမေးမြန်းခန်းမလို ခေါင်းပန်းလှန်နေစရာမလို မလို………..မလို……….မလို….. ကိုယ်တွေ့။ ။

No comments:

Post a Comment