ဘဝဆိုတာစောင့်မျှော်ရင်း
ပျော်စရာ
မန္တလေးမှာ ရွှာလိုက်တဲ့ မိုး။ မိုးရွှာတော့
မြို့ပြမှာဘာလုပ်ရမှန်းမသိ။ ထုံးစံတိုင်းဆို အလုပ်မရှိ လက်ဖက်ရည်ဆိုထိုင် လေပန်းရုံသာ။မိုးက
စွေတော့ ဘယ်မှမသွားချင်သလို ဘာမှလည်းမလုပ်ချင်။ ရွှာမှာဆိုရင်တော့ အနည်းဆုံးတော့ ငှက်ကလေးတွေရဲ့အသံတွေ
ကြားရသည်။ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလို…………
ငှက်ကလေးက စိုးစီစိုးစီ
ဝင်ပေါက်မှာ မြည်။
တေးဆိုမပျက်တဲ့ မိုးစွေငုက်က။
သူလုပ်ရမည့် အလုပ်ကို လုပ်နေတယ်။ ဝေဝေဝါးဝါး အခြားမတွေး။ တေးဆိုရင်း နုပိုနေသည်။ ကျွန်တော့်မှာတော့
တေးမဆိုနိုင်။ ပျင်းရိခြင်းရောဂါထနေသည်။ ပျင်းရင် အခါတိုင်းလို ရုင်ရှင်ကြည့်ရုံသာ။
အနီးနာ စာအုပ်စားပွဲပေါ်က စီဒီ တစ်ချပ် ကွန်ပူတာထဲ ထိုးလိုက်သည်။ Terminal (Life is
waiting) တွန်ဟန့် ကြီး။ လေယာဉ်ကွင်းထဲမှာ ရည်မှန်းချက်၊ရည်ရွှယ်ချက် တစ်ခု အတွက် အခက်အခဲတွေကိုဖြတ်ကျော်ရင်း
ပျော်ပျော်ရွှင်ရွှင်။ Life is waiting !။ တွန့်ဟန်ကြီး ကို ကြည့်ပြီး ကျွန်တော့်မှာ
ပျော်တာလိုလို၊ အားတတ်တာလိုလို။ ပြုံးရင်း၊ ပျော်ရင်း။ သီချင်းတစ်ပုဒ် ထအော်ပြစ်လိုက်သည်။
သံမဏီ လိပ်ပြာထဲ က လင်းလင်းရဲ့သီချင်း-ဖွင့်နားထောင်ရင်း
အော်ပစ်လိုက်တယ်။
***တစ်ယောက်ထဲ မမေးဘူးတဲ့ မေးခွန်များ တွေးတောပြီး အိပ်မက်
***တစ်ယေက်ထဲ မပြောဘူးတဲ့ စကားလုံးများ
သုံးနူန်းရင်း အိပ်မက်
***ပြဇာတ်တစ်ပုဒ်ပါ ဘဝဆိုတာ အိပ်မက်
***လှေကလေးတစ်စီး စီးပြီးအဝေးသို့
ခရီဆက်မယ်
***ငါဆုံးဖြတ်ချက်တစ်ခုတော့ တွေ့ထားတယ်
***ရေ……..ငါရယ်(ရီ)စရာတွေနဲ့ နောက်နေ့
အသက်ရှင်မယ်။