အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Sunday, March 24, 2013

သင်္ကြန်မှာ ဒါလေးတွေလုပ်မယ်ဗျာ

သင်္ကြန်မှာဘာလုပ်မလဲလို့ မေးတိုင်းဒါလုပ်မယ်လို့ ဖြေဖြစ်သည်။ လျှောက်မလည်ချင် လည်တာက ပင်ပန်းသည်။ စိတ်ရောလူပါ ပန်ပင်းသည်။ ရိပ်သာကိုလည်း မဝင်ချင် ချောင်းသာကိုလည်း မလိုက်ချင်။ သင်္ကြန်တွင်းဒါလေးတွေလုပ်မည်- -ရွာပြန်မယ် -ငယ်ပေါင်းကြီးဖော်တွေနဲ့ ထနောင်းပင်အောက်မှာ ထန်းရည်အိုးတစ်လုံးနဲ့ ငယ်ကိုးငယ်နာတွေပြောကြမယ် - အမကြီးတွေ ချက်ကြွေးတဲ့ထမင်းကိုစားရင်း အိပ်ရေးဝဝလင်လင်အိပ်ပြီး စောစောထမယ် - သင်္ကြန်တွင်း ရွာလည်ခေါင်အရပ်ဇာတ်ကို လုပ်ခုပ်တီးပြီးအာပေးမယ် - တူလေးတွေ၊ တူမလေးတွေကို ဆရာတင်မိုး၊ မင်းသုဝဏ် ရဲ့ ကဗျာလေးတွေဖတ်ပြမယ် - အကြီးဆုံးတူနဲ့ တူမကိုတော့ကွန်ပူတာ စာစီစာရိုက်လေး ဘယ်လိုရိုက်ဟ ညာလိုရိုက် လို့ ပြောပြမယ် - ကျောင်းအုပ်ဆရာမ အမတစ်ဝမ်းခွဲ မမကြီးဆီက စီမံခန့်ခွဲမူ အတတ်ပညာလေးတွေမေးမယ် - ကချင်ပြည်နယ် တာဝန်ကျတဲ့ ညီမ ဝမ်းကွဲ ကျောင်းဆရာမလေး ဆီက အတွေ့အကြုံလေးတွေမေးမယ် -နေ့တိုင်းဥပုဒ်စောင့်တဲ့ အဒေါ်အကြီးဆုံးကြီးကို ဘသန်း (ဓမ္မိက) ရဲ့ ကောင်းကြီးလူ့ဘောင် နဲ့ ချမ်းသားခြင်း အစစ် စာအုပ်တွေဖတ်ပြမယ်။ - အကိုဝမ်းခွဲ နဲ့ သူငယ်ချင်း တစ်ယောက်ဆီက ငှားခဲ့တဲ့ စာအုပ်လေးတွေ ပြီးအောင်ဖတ်မယ် - စာတမ်းအတွက် အထောင်အကူပြုမယ် eassy လေး သုံးလေး ပုဒ် ပြီးအောင်ရေးမယ်။ - မုံရွာမှာ နေတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ မိနစ် ၂၀ လောက်ဖုန်းပြောမယ် - ရွာလည်စာကြည့်တိုက်မှာ သန့်ရှင်းရေးလေး ဝိုင်းကူလုပ်မယ်၊ စာအုပ်လေးတွေကူဆီပေးမယ် -ရွာလူကြီးတွေနဲ့ စကားတစ်လုံးနှစ်လုံးပြောမယ် ဆရာတော်ကြီး တစ်ပါးနဲ့ စာပေဟောပြောပွဲ တစ်ပွဲနှစ်ပွဲ တောင်မရောက် မြောက်မရောက်လေးတွေပြောမယ် - နှစ်ဆန်း တစ်ရက်နေမှာတော့ တစ်နှစ်မှာ တစ်ခါ ဥပုဒ်စောင့်ဖြစ်တဲ့ နေလေးဖြစ်နေလို့ ဆယ်ပါသီးလ ယူမယ်(ပေးမယ်) ကဲလုပ်ချင်တာ၊ လုပ်ဖြစ်မယ့် သင်္ကြန်တွင်းအစီအစဉ်လေးတွေက ဒါပဲ။ ……………………..

Friday, March 15, 2013

In Monywa

နုယဉ်ယဉ် လွမ်းခြင်း…….တမ်းခြင်း……..သက်ဆိုင်သူများ သိကြားစေ……သက်ဆိုင်သူများဖတ်ကြားစေ……. ………………………………………………………………………………………………………………………………. အလွမ်းက လူကို လူဆန်စေသည်။ဝေဒနာတို့ကို ပိုလို့၇ှတပြင်းထန်စေသည်။ချစ်ခြင်းနှင့်မုန်းခြင်းက တကယ်တော့ အန္တရာယ်ကြီးစွာနီးကပ်လွန်းလှသည်။အတွေးကလူကိုအေးစက်လက်တွေ့ဆန်စေသည်။လူကိုလူနှင့်ဝေးစေတတ်သည်။အတွေ၏ဖွားဖက်ဆင်ခြင်တုံတရားကဝေဒနာတခို့ကိုလွင့်ပါစေးတတ်သလိုတစ်ဖက်ကလည်းဝေဒနာအစုစုကိုဖုံးကွယ်ဖာထေးပေးတတ်လေသည်။နူးညံ့သိမ်မွေ့မူကသာအရှိကိုအရင်းအတိုင်းခံစားစေသည်။ လိုသည်ပိုသည်မရှိ။ ဒေါက်တာအောင်ကြီး……………………………………………………………………………………………………………. ကျွန်တော့်အတွက်က လွမ်း ဆိုတဲ့ စကားက ပြောရတာလှပေမယ့်။ ခံရတာတော်တော်ဆိုးတဲ့စကားလုံးဖြစ်သည်။ဒါပေမယ့်လွမ်း တတ်တာက ငယ်ကျင့်လိုဖြစ်နေပြီ။ အရာရာကိုလွမ်းတတ်သည်။ လွမ်းနေတတ်သည်။ တွေ့ခဲ့၊မြင်ခဲ့၊ကြားခဲ့ရတဲ့အရာအားလုံး ကို နှလုံးသားနဲ့အသင့်အတင့်ခံစားတတ်တာလည်းပါမယ်ထင်ပါသည်။ တစ်ခိုအလွန်းတွေက ရှတပြင်းထန်စေတယ်။တစ်ခိုအလွမ်းတွေကလည်း ကျွန်တော်ကိုပြုံးပျော်စေတယ်။ ပြုံးပျော်စေအကြောင်းအရာတွေကိုတွေးတိုင်း ကြည်နူးဝမ်းသာရတယ်။ လွမ်း….အဲဒီအလွမ်းတွေကို ဘယ်ထိလွမ်းမှာလည်း ဘယ်အချိန်ထိလွမ်းနေမှာလည်း တကယ်လို့ တစ်ယောက်ယောက် က မေးတယ်ဆိုအံ့။ ကန္တာရထဲမှာ ရောက်နေတဲ့အချိန်တွေကို မင်းဘာကို အလွမ်းဆုံးဖြစ်မလည်းလို့မေးခဲ့သည်ဆိုရင်လည်း…. လွမ်းရတဲ့နေတွေ လွန်ပါစေလိုလည်း ဆုတောင်းမည်မဟုတ်။ လွမ်းစရာရှိတာတွေတော့လွမ်းနေရအုံးမှာပဲလို့ပြောရမှာပဲ။ အလွမ်းတွေနဲ့ ခံစားချက်တွေပေါင်းဖက်တဲ့အလွမ်းနဲ့။ တစ်ခိုအလွမ်းတွေက အတိတ်မှာကျန်ခဲ့ပြီ။ အတိတ်မှာကျန်ခဲ့တာကို အတိတ်မှာပဲနေသင့်တယ် သဘောထားဖြစ်တယ်။ ဒီထက်ပိုပြီးမစဉ်းစားသင့်ဘူးထင်တာကြောင့်လည်းပါသည်။ အိပ်မပျော်တဲ့ညတွေမှာဆို…တောင်တွေးမြောက်တွေး…တောင်ရေးမြောက်ရေးတွေလည်းရေးဖြစ်သည်။ အခုလည်း မုံရွာ နုယဉ်ယဉ် အဆောင် မှာ နေရင်း မောင်နှမသုံးယောက် လျှောက်ရိုက်ထား ဓာတ်ပုံတွေကိုကြည့်ဖြစ်သည်။ အကြော်ဆိုင်၊ကျောက္ကာ၊ဗောဓီတစ်ထောင်၊ လျှောက်သွားဖြစ်တဲ့နေရာမှာ ဓာတ်ပုံတွေကို။ ကြည့်ရင်း ကြည်နူးပျော်ရွင်ရသည်။ စိတ်ကကြည်တော့ နူတ်က သွက်လာသည်။ ဒါနဲ့ပဲ တောင်ရေးမြောက်ရေးတွေ ရေးဖြစ်သည်။ ကဗျာ မဟုတ် စာလည်း မဟုတ်…..နုယဉ်ယဉ် အဆောင်မှာနေတဲ့သူများသာဖတ်ရန် ပြုံးလိုရေးတဲ့စာ။ပျော်လို့ရေးတဲ့စာ။ကြည်နူးလို့ရေးတဲ့စာ…………..ဒီစာလေးကို ဖတ်တဲ့ နုယဉ်ယဉ်နဲ့ သက်ဆိုင်သူများ copy page လုပ် ပရင့် ထုပ်ပြီး အဆောင်မှာကပ်ရန် လည်း ခွင့်ပြုပါသည်…………………………..သက်ဆိုင်သူများဖတ်ကြားရန်…….. နုယဉ်ယဉ်တမ်းချင်း……….နုယဉ်ယဉ်လွမ်းခြင်း ………………………………………………………… မုံရွာကိုသိလား သိတာပေါ့ မြိုလယ်ခေါင်မှာ ဗိုလ်ခူပ်ကျေးရုပ်ကြီးကိုလည်းသိတယ်။ အရှေ့တစ်ကျောတွင် အလယ်ရိုးမအဆက် ရွှေမြင်တင်တောင်၊ ကျောက္ကာတောင် အနောက်တစ်ရိုးက၊ ချင်းတွင်းရေကြည် ချင်းတွင်းအလွန်တွင်ကား၊ လက်ပံတောင်းတောင်၊ ဖိုးဝင်းတောင်၊ ပုံတောင်ပုံညာတောင်တန်း . အနောက်ရိုးမ၏ အဆွယ်အပွားများ ဤရိုးမနှစ်စင်းကြား မြစ်ဝှမ်းလွင်ပြင်လေးမှာ ပူပြင်းခြောက်သွေ့လှသော ကန္တာရထဲမှ အိုအေစစ်လေးပင် ..။ အဲ့ဒါမုံရွာ………….။ မုံရွာတက္ကသိုလ်ကိုသိလား သိတာပေါ့။ ကျောက္ကာလမ်းဘေးမှာ ထီထီကြီး။ ကျောက္ကာလမ်းကို သိရင် နုယဉ်ယဉ်ကိုသိလား။ ငါသိတယ်………… အပြာနုရောင် ဆိုင်းဘုတ် သပြေရိပ်အောက်မှာ နုယဉ်ယဉ်မဖြစ်ခင်က သပြေရိပ်………..။ ငါခေါ်တဲ့နာမည်။ အမေနု ရှိတယ် နှစ်ထပ်ဆောင် နှစ်ဆောင်ရှိတယ်။ အခန်း ၁၁ ခန်းရှိတယ်။ အမောပြေ သောက်ဖို့ ရေးနှစ်အိုးရှိတယ်။ ရေးအေးအေးသောက်ရင်း ပစ္စုပ္ပန် လူမုန်းရဲ့ မေတ္တာစာကိုလည်း ဖတ်လိုရတယ်။ မင်းပဲသိတာလား သိတာပေါ့ ဇင်မင်းထွန်း သိတဲ့ နုယဉ်ယဉ် ငွေဘော သိတဲ့ နုယဉ်ယဉ် အောင်ဌေးသိတဲ့ နုယဉ်ယဉ် သံချောင်း သိတဲ့ နုယဉ်ယဉ် ဇော်မင်းခိုင် သိတဲ့ နုယဉ်ယဉ် ဟိန်းဇာ သိတဲ့ နုယဉ်ယဉ် မျက်ပြူး သိတဲ့ နုယဉ်ယဉ် အောင်လွင်ဆန်း သိတဲ့ နုယဉ်ယဉ် စုစုဖြိုး သိတဲ့ နုယဉ်ယဉ် ဂျမ်းဝေ သိတဲ့ နုယဉ်ယဉ် လှလှစိုး သိတဲ့ နုယဉ်ယဉ် တင်မောင်လင်း သိတဲ့ နုယဉ်ယဉ် မုံရွာကဗျာ ဆရာ ရဲ့ ကဗျာကို အော်ပြီး က ခဲ့ကြတဲ့ နုယဉ်ယဉ် သေရည်မူးမူး လူမူးမူး ရစ်မူးခြင်းကို ချစ်တတ်သူလေ…….. နုယဉ်ယဉ် မှာပဲ ရည်စားစကား ဖုန်းနဲ့ပြောပါတယ်လို့ စွပ်စွဲခံရတဲ့ နုယဉ်ယဉ် စွပ်စွဲသူက နုယဉ်ယဉ် က စုစုဖြိုး အစွပ်စွဲ ခံရသူက နုယဉ်ယဉ် က မောင်ငွေဘော ရန်တွေဖြစ်ရတဲ့ နုယဉ်ယဉ် စိတ်တွေမဆိုးကြတဲ့ နုယဉ်ယဉ် အခုတော့လွမ်းရတဲ့ နုယဉ်ယဉ် နောက်လည်း လွမ်းရမဲ့ နုယဉ်ယဉ် အနီးမြင် နုယဉ်ယဉ် အဝေးမြင် နုယဉ်ယဉ် အသက်တွေကြီးသွားကြပြီ နုယဉ်ယဉ် က နုယဉ်ယဉ်ပဲ။ ဒါပဲလား………… နုယဉ်ယဉ်ကို ဌေးလိုင်သိတယ် နုယဉ်ယဉ်ကို ဝါမိုး သိတယ် နုယဉ်ယဉ်ကို သင်းသင်းဝါ သိတယ် နုယဉ်ယဉ်ကို ဝေဝေမွန် သိတယ် နုယဉ်ယဉ်ကို ယဉ်မာစန်းတို့သိတယ် နုယဉ်ယဉ်ကို စန်းစန်းဌေး သိတယ် နုယဉ်ယဉ်ကို နာမည် မသိတဲ့ ဆရာလေးသိတယ်။ နုယဉ်ယဉ် ကို ကျွန်တော်မသိတဲ့လူတွေသိတယ် နုယဉ်ယဉ် ကို ကျွန်တော်သိတဲ့လူတွေ သိတယ်။ နုယဉ်ယဉ် ကို တပုန်းကသိတယ် နုယဉ်ယဉ် ကို ကနီမြောက်လက်ကသိတယ် နုယဉ်ယဥိကို ကျွန်တော်မသိတဲ့ ဒေသကသိမယ်။ နုယဉ်ယဉ် ကို မောင်းထောင်ကလူတွေသိမယ်။ နုယဉ်ယဉ်ကို ကောလင်းကလူတွေသိမယ်။ နုယဉ်ယဉ် ကို မိုးကောင်းကလူတွေသိမယ်။ နုယဉ်ယဉ် ကို ကျွန်တော်သိတဲ့ မြိုကလူတွေသိလိမ့်မယ်။ နုယဉ်ယဉ် ကို ကျွန်တော်မသိတဲ့ မြို့က လူတွေသိလိမ့်မယ်။ ဖြိုးဖြိုးခင် တို့ နေတဲ့ နုယဉ်ယဉ် ကျော့ကျော့ခင် တို့ နေတဲ့ နုယဉ်ယဉ် အေးမွန်ကြည့်တို့ နေတဲ့ နုယဉ်ယဉ် ဘုတ်အီးတို့ နေတဲ့ နုယဉ်ယဉ် ငြိမ်းငြိမ်း တို့ ဇနီးမောင်နှံနေတဲ့ နုယဉ်ယဉ် (ငြိမ်းငြိမ်းခင်ပွန်း နာမည် မေ့နေလို့ဗျ) မင်းသမီးနာမည် နှာခေါင်း ကြီးကြီး နဲ့ကောင်မလေးနေတဲ့ နုယဉ်ယဉ် ဘယ်သူတွေ ဘယ်ကိုပြောင်းပြောင်း ဘယ်သူတွေ ဘယ်လိုပြောင်းလဲပြောင်းလဲ ဘယ်သူတွေ ဘယ်လိုနှာခေါင်း ကြီးကြီး ဘယ်သူတွေ ဘယ်လို သစ္စာမထား ဘယ်သူတွေဘယ်လို မေတ္တာ မထား ဘယ်သူတွေဘယ် လို ခောတ်ဆန်ပါစေ ဘယ်သူတွေ ဘယ်လို မဟာဆန် ပါစေ နုယဉ်ယဉ်ကတော့ ယဉ်ယဉ်လေးပဲ ယဉ်ယဉ်လေး ယဉ်ယဉ်လေးနဲ့ ရူးတာမဟုတ်ဘူး ယဉ်ယဉ်လေး နဲ့ ရိုးတာ။ ရိုးရိုးလေးနဲ့ ယဉ် တဲ့ ယဉ်ယဉ်နု။ ယဉ်ယဉ်နု လို အရပ်မပုတဲ့ နုယဉ်ယဉ် ယုယုဇာ လို အာ မဖြဲတဲ့ နုယဉ်ယဉ် အိမွန် လို..ထန်းလက်ပြားခြောက်မဟုတ်တဲ့ နုယဉ်ယဉ်….. ဝင်းထိန် လို မမူးတဲ့ နုယဉ်ယဉ် နန်းစိုးလို မက တဲ့ နုယဉ်ယဉ် ရှမ်းမတွေ လို တောင်သွားမြောက်သွားမဟုတ် တည်ငြိမ်တဲ့ နုယဉ်ယဉ် စိုးမိုးထွေး လို အသားမည်းမည်းသွားသွားကြဲကြဲ မဟုတ်တဲ့ နုယဉ်ယဉ် နန်းတော်ရှေ့ဆရာတင် သီချင်းထဲ ကလို ကျမ ရုပ်ပုံကိုကြည့်ချင်တယ်ဆို…… ထမင်းအိုဖင်ကို ကြည့်တော်မူပါအကို….. ခိုင်သူဇာ လို ထမင်းအို ဖင်နဲ့တူတာမဟုတ်တဲ့ နုယဉ်ယဉ်……….. ချောင်ရွန်ဖတ်လိုချောတဲ့ ဗဒင်လို မင်းသားလေးတွေ နေခဲ့ဖူးတဲ့ နုယဉ်ယဉ် Backup plan ကို ကြိုက်တယ်ဆိုတဲ့ ဇနီးမောင်နံ ရှိတဲ့ နုယဉ်ယဉ် နမ်းခမ်းခို နေခဲ့ တဲ့ နုယဉ်ယဉ် နမ်းခမ်းခို နဲ့ တွေခဲ့တဲ့ နေရာကလည်း နုယဉ်ယဉ် မိုးယုစံနဲ့ တူတယ် လင်းလင်း ကိုလည်း ပြောရတယ် ကိုနေတဲ့ နေရာက နုယဉ်ယဉ် အသည်းကွဲတဲ့ နေရာက နုယဉ်ယဉ် အခို့လူတွေအတွက်ပေါ့………. ပျော်စရာတွေရှိတဲ့ နေရာကလည်း နုယဉ်ယဉ် အခို့လူတွေအတွက်ပဲ………… ၂၀၀၆ က နုယဉ်ယဉ် ၂၀၁၂ က နုယဉ်ယဉ် အမေနု …….ရှိတဲ့နုယဉ်ယဉ်………… သပြေရိပ်အောက်က နုယဉ်ယဉ် သီတာအေးနားက နုယဉ်ယဉ် ကျောက္ကားလမ်း ပေ ၈၀ ထောင့် နုယဉ်ယဉ် မဟုတ်သေးဘူး။ ပေ ၈၀ ထဲဝင် တစ်လမ်းကျော် နုယဉ်ယဉ် မဟုတ်သေးဘူး။ နှစ်လမ်းကျော် လိုက် နုယဉ်ယဉ် မဟုတ်သေးဘူး။ ညာကွေ့ နုယဉ်ယဉ်ကို တွေ့လိမ့်မယ်။ သပြေရိပ်ကို တွေ့လိမ့်မယ်။ ငြိမ်းချမ်းခြင်း အပြာနုရောင်အောက်က နုယဉ်ယဉ်…………..အဲ့ဒါ နုယဉ်ယဉ်ပဲ။ (အမေနု နှင့် အမေနုအဆောင်မှာနေခဲ့ကြတဲ့လူတွေ နာမည်မပါတဲ့လူရော နာမည် ပါတဲ့လူရောကျန်းမာကျပါစေ။ချမ်းသာကြပါစေ။ နာမည်ပါတဲ့လူတွေရောနာမည်ပါတဲ့လူတွေရောစိတ်မဆိုးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။ ဒီနေည စာမကျက်ချင် မဖတ်ချင်တာကြောင့် စိတ်ထဲရှိတာတွေ တောင်ရေးမြောက်ရေး ရေးပါသည်။မေတ္တာပို့မယ်သူတွေရှိနေလိမ့်မည်။ မေတ္တာတစ်ကူးတစ်ကပို့လိုပါက ကျွန်တော့်ညီမလေးနှစ်ယာက်စီမှာ ကျွန်တော်ကို ဆက်သွယ်လိုရတဲ့ ဖုန်းနံပါတ်နဲ့ အိမေး လိပ်စာရှိပါသည်။၂၀၀၆ နှင့် ၂၀၁၂ ကျွန်တော်နေခဲ့တဲ့ နှစ်ကာလများမှာ ကျွန်တော်သိတဲ့လူတွေကိုသာ ထည့်ရေးထားပါသည်။) မောင်ငွေဘော() ဇင်မင်းထွန်း ၂.၃.၂၀၁၃………နံနက် ၀၂း၃၂