အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။
Showing posts with label ကျနော်၏ ရောက်တတ်ရာရာများ. Show all posts
Showing posts with label ကျနော်၏ ရောက်တတ်ရာရာများ. Show all posts

Saturday, August 3, 2013

ဘဝဆိုတာစောင့်မျှော်ရင်း ပျော်စရာ

ဘဝဆိုတာစောင့်မျှော်ရင်း ပျော်စရာ မန္တလေးမှာ ရွှာလိုက်တဲ့ မိုး။ မိုးရွှာတော့ မြို့ပြမှာဘာလုပ်ရမှန်းမသိ။ ထုံးစံတိုင်းဆို အလုပ်မရှိ လက်ဖက်ရည်ဆိုထိုင် လေပန်းရုံသာ။မိုးက စွေတော့ ဘယ်မှမသွားချင်သလို ဘာမှလည်းမလုပ်ချင်။ ရွှာမှာဆိုရင်တော့ အနည်းဆုံးတော့ ငှက်ကလေးတွေရဲ့အသံတွေ ကြားရသည်။ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလို………… ငှက်ကလေးက စိုးစီစိုးစီ ဝင်ပေါက်မှာ မြည်။ တေးဆိုမပျက်တဲ့ မိုးစွေငုက်က။ သူလုပ်ရမည့် အလုပ်ကို လုပ်နေတယ်။ ဝေဝေဝါးဝါး အခြားမတွေး။ တေးဆိုရင်း နုပိုနေသည်။ ကျွန်တော့်မှာတော့ တေးမဆိုနိုင်။ ပျင်းရိခြင်းရောဂါထနေသည်။ ပျင်းရင် အခါတိုင်းလို ရုင်ရှင်ကြည့်ရုံသာ။ အနီးနာ စာအုပ်စားပွဲပေါ်က စီဒီ တစ်ချပ် ကွန်ပူတာထဲ ထိုးလိုက်သည်။ Terminal (Life is waiting) တွန်ဟန့် ကြီး။ လေယာဉ်ကွင်းထဲမှာ ရည်မှန်းချက်၊ရည်ရွှယ်ချက် တစ်ခု အတွက် အခက်အခဲတွေကိုဖြတ်ကျော်ရင်း ပျော်ပျော်ရွှင်ရွှင်။ Life is waiting !။ တွန့်ဟန်ကြီး ကို ကြည့်ပြီး ကျွန်တော့်မှာ ပျော်တာလိုလို၊ အားတတ်တာလိုလို။ ပြုံးရင်း၊ ပျော်ရင်း။ သီချင်းတစ်ပုဒ် ထအော်ပြစ်လိုက်သည်။ သံမဏီ လိပ်ပြာထဲ က လင်းလင်းရဲ့သီချင်း-ဖွင့်နားထောင်ရင်း အော်ပစ်လိုက်တယ်။ ***တစ်ယောက်ထဲ မမေးဘူးတဲ့ မေးခွန်များ တွေးတောပြီး အိပ်မက် ***တစ်ယေက်ထဲ မပြောဘူးတဲ့ စကားလုံးများ သုံးနူန်းရင်း အိပ်မက် ***ပြဇာတ်တစ်ပုဒ်ပါ ဘဝဆိုတာ အိပ်မက် ***လှေကလေးတစ်စီး စီးပြီးအဝေးသို့ ခရီဆက်မယ် ***ငါဆုံးဖြတ်ချက်တစ်ခုတော့ တွေ့ထားတယ် ***ရေ……..ငါရယ်(ရီ)စရာတွေနဲ့ နောက်နေ့ အသက်ရှင်မယ်။

Sunday, March 24, 2013

သင်္ကြန်မှာ ဒါလေးတွေလုပ်မယ်ဗျာ

သင်္ကြန်မှာဘာလုပ်မလဲလို့ မေးတိုင်းဒါလုပ်မယ်လို့ ဖြေဖြစ်သည်။ လျှောက်မလည်ချင် လည်တာက ပင်ပန်းသည်။ စိတ်ရောလူပါ ပန်ပင်းသည်။ ရိပ်သာကိုလည်း မဝင်ချင် ချောင်းသာကိုလည်း မလိုက်ချင်။ သင်္ကြန်တွင်းဒါလေးတွေလုပ်မည်- -ရွာပြန်မယ် -ငယ်ပေါင်းကြီးဖော်တွေနဲ့ ထနောင်းပင်အောက်မှာ ထန်းရည်အိုးတစ်လုံးနဲ့ ငယ်ကိုးငယ်နာတွေပြောကြမယ် - အမကြီးတွေ ချက်ကြွေးတဲ့ထမင်းကိုစားရင်း အိပ်ရေးဝဝလင်လင်အိပ်ပြီး စောစောထမယ် - သင်္ကြန်တွင်း ရွာလည်ခေါင်အရပ်ဇာတ်ကို လုပ်ခုပ်တီးပြီးအာပေးမယ် - တူလေးတွေ၊ တူမလေးတွေကို ဆရာတင်မိုး၊ မင်းသုဝဏ် ရဲ့ ကဗျာလေးတွေဖတ်ပြမယ် - အကြီးဆုံးတူနဲ့ တူမကိုတော့ကွန်ပူတာ စာစီစာရိုက်လေး ဘယ်လိုရိုက်ဟ ညာလိုရိုက် လို့ ပြောပြမယ် - ကျောင်းအုပ်ဆရာမ အမတစ်ဝမ်းခွဲ မမကြီးဆီက စီမံခန့်ခွဲမူ အတတ်ပညာလေးတွေမေးမယ် - ကချင်ပြည်နယ် တာဝန်ကျတဲ့ ညီမ ဝမ်းကွဲ ကျောင်းဆရာမလေး ဆီက အတွေ့အကြုံလေးတွေမေးမယ် -နေ့တိုင်းဥပုဒ်စောင့်တဲ့ အဒေါ်အကြီးဆုံးကြီးကို ဘသန်း (ဓမ္မိက) ရဲ့ ကောင်းကြီးလူ့ဘောင် နဲ့ ချမ်းသားခြင်း အစစ် စာအုပ်တွေဖတ်ပြမယ်။ - အကိုဝမ်းခွဲ နဲ့ သူငယ်ချင်း တစ်ယောက်ဆီက ငှားခဲ့တဲ့ စာအုပ်လေးတွေ ပြီးအောင်ဖတ်မယ် - စာတမ်းအတွက် အထောင်အကူပြုမယ် eassy လေး သုံးလေး ပုဒ် ပြီးအောင်ရေးမယ်။ - မုံရွာမှာ နေတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ မိနစ် ၂၀ လောက်ဖုန်းပြောမယ် - ရွာလည်စာကြည့်တိုက်မှာ သန့်ရှင်းရေးလေး ဝိုင်းကူလုပ်မယ်၊ စာအုပ်လေးတွေကူဆီပေးမယ် -ရွာလူကြီးတွေနဲ့ စကားတစ်လုံးနှစ်လုံးပြောမယ် ဆရာတော်ကြီး တစ်ပါးနဲ့ စာပေဟောပြောပွဲ တစ်ပွဲနှစ်ပွဲ တောင်မရောက် မြောက်မရောက်လေးတွေပြောမယ် - နှစ်ဆန်း တစ်ရက်နေမှာတော့ တစ်နှစ်မှာ တစ်ခါ ဥပုဒ်စောင့်ဖြစ်တဲ့ နေလေးဖြစ်နေလို့ ဆယ်ပါသီးလ ယူမယ်(ပေးမယ်) ကဲလုပ်ချင်တာ၊ လုပ်ဖြစ်မယ့် သင်္ကြန်တွင်းအစီအစဉ်လေးတွေက ဒါပဲ။ ……………………..

Friday, January 18, 2013

ကျွန်နော်နဲ့ မျက်နှာများ...............

မနေညက တော်တော်နဲ့ အိပ်မပျော်သလို မနက်ကျတော့လည်းအစောကြီးအိပ်ယာနိုးနေသည်……နာရီကြည့်တော့ ၄း၁၅ ။အင်းအခါတိုင်းရင်ရက်တွေမှာဆို မနက်လင်းလာရင်သီချင်းတစ်ပုဒ် 
 စာအုပ်တစ်အုပ်ကိုတော့ကောက်ဖတ်ဖြစ်သည်။…
…ဒီနေ့တော့အရုဏ်ဦးရဲ့အအေးဓာတ်များသိုင်းခြုံနေလည်းစိတ်အာရုံကကြည်လင်မူမရှိ…….
.အင်းငါဘာဖြစ်နေပါလိမ့် ပြတင်းပေါက်ကနေ အပြင်မှာ လုပ်ရှားသွားလာနေတဲ့ ကျောင်သား၊အလုပ်သမား၊ဆိုင်ကယ်များ၊ကားများလူပ်နေတဲ့သစ်ပင်တွေကိုကြည့်ရင်း…
……စာကြည့်စာပွဲမှာဟိုတစ်အုပ်ဒီတစ်အုပ်ဖြန့်ကြဲနေတဲ့စာအုပ်တွေကိုရှင်းလင်းရင်း……..ဆရာမြသန်းတင့်ဘာသာပြန် အိလျာအာရင်ဘတ်ရဲ့စာအုပ်………
….လူများ၊သက္ကရာဇ်များ၊ဘဝ။သြော်လူတွေ၊နှစ်တွေ၊ဘဝတွေရူပ်ထွေးခြင်းလား၊ကြည်လင်ခြင်းလား၊မငြိမ်းချမ်းခြင်းလား
၊ငြိမ်းချမ်းခြင်းလား…………..
သက္ကရာဇ်များကုန်ဆုံးသွားတိုင်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ပတ်သက်ဖူးခဲ့တဲ့လူတွေအကြောင်း ငေးဖြစ်တာ တွေးဖြစ်တာက အကျင့်တစ်ခုလိုဖြစ်နေပြီ။…….တွေးပေါ့ကွာ……အတွေးတွေထဲမှာလျှစ်လျှု ရူ့ခြင်းနဲ့၊မေတ္တာတရားလွမ်းခြုံထားတဲ့နှလုံးသားနဲ့တွေး…
…..အကိုလတ်ဆုံးမတဲ့ စကားလေးကိုဆုတ်ကိုင်ရင်းနဲ့ပေါ့။ အင်းဒီတစ်ခေါက်ရွာကိုပြန်တော့အကိုနဲ့စကားတွေအများကြီးပြောကြသည်။
ရယူခြင်းတစ်ခုမှမရှိပကတိပေးဆပ်ခြင်းတွေနဲ့လမင်းကြီးရဲ့အောက်မှာ……..
အဖေအကြောင်း
အမေအကြောင်း
မိသားစုအကြောင်း
ရပ်ရွာအကြောင်း
အလုပ်အကိုင်တွေအကြောင်း
တည်ငြိမ်တဲ့အကိုစကားသံရဲအောက်မှာ အတွေးတွေတောင်ရောက်မြောက်နဲ့ကြားလိုက်မကြားလိုက်။
မင်းလည်းအလုပ်ထဲမှာအာရုံစူးစူးစိုက်စိုက်လုပ်ပေါ့………
.ဘုရားသွား၊ကျောင်းတတ်၊တရားထိုင်၊စာအုပ်ဖတ်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပေါ့ကွာ။
“မျက်နှာတွေကိုလည်း” မေတ္တာနှလုံးသား၊ ဥာဏ်ပညာနဲ့ လျှစ်လျှုရူ့တတ်အောင်နေ။ဘဝကိုအောင်မြင်ခြင်း
၊ပစ္စည်းဥစ္စာချမ်းသာခြင်းထက်ပတ်ဝန်းကျင်စိတ်အနှောက်ယှက်ဖြစ်အောင်နေတာပိုဂုဏ်ရှိတယ်…
….ကုသိုလ်ရတယ်………ကုသိုလ်ရပါတယ်။
မျက်နှာတွေတဲ့ အကို ဆိုလိုတာကိုနာလည်းတာလိုနားမလည်တာလို ပတ်ဝန်းကျင်လို့ပဲကျွန်တော်ယေဘုရသတ်မှတ်ထားသည်။
အင်း…
…..တစ်ခို့ကကျွန်တော့်ဆီကိုအလိုအလျောက်တိုးဝင်လာသည်။အခို့ကကျွန်တော်ကိုယ်တိုင်ကတိုးဝင်တဲ့နေရာတွေ…
..ဒါပေမယ့်အနှောက်ယှက်မပေးပဲကျနော်ပြန်လာတတ်ပါတယ်။……..အခုလည်းအသလိုပဲ…
..နောက်နောင်လည်းအသလိုဖြစ်နေအောင်နေပါမယ်
…..ဒါပေမယ့်ကျွန်တော်သိတဲ့မျက်နှာတွေကိုတွေးရင်းရင်လေးနေမိတယ်…..မျက်နှာတွေ…….မျက်နှာတွေ…
.မျက်နှာသိ၊မျက်နှာခံ၊မျက်နှာပေး၊မျက်နှာကြောတင်း၊မျက်နှာဖုံး၊မျက်နှပြောင်တိုက်၊မျက်နှာပျက်၊မျက်နှာတန်းမိ၊မျက်နှာစုံညီ
၊မျက်နှာမြင်၊မျင်နှာဖုံး

၊မျက်နှာပြောင်တိုက်၊မျက်နှာပျက်၊ရှေ့မျက်နှာနောက်ထား၊မျက်နှာတော်ဖူး၊မျင်နှာရှိ၊မျက်နှာစိမ်း၊မျက်နာလိုအားရ၊မျက်နှာခိုသွေး
၊မျက်နှာလို၊မျက်နှာပွင့်
၊မျက်နှာပန်းလှ၊မျက်နှာရိပ်မျက်နှာကဲ၊မျက်နှာကြီး……..ဒီမျက်နှာတွေကိုရင်ဆိုင်ဖို့…..ကျွန်တော်မှာအသင့်အတင့်နှလုံးသား
၊ဥာဏ်ပညာတွေရှိမယ်……
.ရှိနေအောင်ထာဝရသင်ယူနေမယ်…..

Friday, December 21, 2012

ကျနော်၏ ရောက်တတ်ရာရာများ



ဒီဇင်ဘာ ၂၂ ဒိုင်ယာရီ………………
ဒီလ ရွာကိုနှစ်ခေါက်ပြန်ခဲ့တယ်
ရွာရိုးကိုးပေါက်ထန်းရည်လျှောက်သောက်ခဲ့တယ်
အကိုတွေနဲ့စကားပြောတယ်
ဆွေမိုးတွေနဲ့စကားပြောတယ်
မိတ်ဆွေတွေနဲ့စကားပြောတယ်

ဒီလအဆင်ပြေသလိုပြေးရင်းလွှားရင်းနေလိုက်တယ်
ချစ်သူသစ်နဲ့လည်းတွေ့ခဲ့တယ်
ချစ်သူဟောင်းနဲ့လည်းဆုံခဲတယ်

ဒီလမုံရွာမှာနေခဲ့တယ်
ကောလိပ်ကျောင်းသာကိုဖတ်တယ်
သပိတ်မှောက်ကျောင်းသားကိုဖတ်တယ်
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများကိုဖတ်တယ်
ဖိုဝင်တောင်ကမျောက်တွေကိုသွားကြည့်တယ်
လက်ပံတောင်းကိုသွားကြည့်တယ်
အမေစုကိုသွားကြည့်တယ်
ကျော်သူ ကိုသွားကြည်တယ်

ဒီလနှစ်သစ်ကူးတော့မယ်လ
Happy New Year လို့အော်ကြမယ့်လ
အော်နှစ်တွေ လတွေ ရက်တွေ နာရီတွေ စက္ကန့်တွေ
ပြန်စဉ်စားကြည့်တော အိမ်(home)နဲ့ဝေးတာ
၇နှစ်ရှိပြီကို…………

ငါအတွက်အိမ်လိုတယ် (လှသန်း ပွဲသိမ်းတေးသံ ကဗျာစု စာအုပ်မှ)
ငါအတွက်နေစရာ လိုတယ်
နေစရာဆိုတာ အိမ်ပေါ့
ဘယ်လိုအိမ်မိုးလဲ
ဗီလာလား၊ ကော့တိတ်ခ်ျလား
ဘန်ဂလိုလား၊ ကန်ထရိုက်တိုက်ခန်းလား
ကွန်ဒိုလား အာရ်စီပတ်ကား နှစ်ထပ်တိုက်လား
ပျဉ်ထောင်အိမ်လား၊ သုံးပင်နှစ်ခန်းလား
လေးပင် သုံးခန်းလား
ခြံစည်းရိုးမှာ ပုဏ္ဍရိတ်ပင်တန်းလေးတွေနဲ့လား
ဓနိမိုး ထရံကာ ဝါးတဲလေးလား
ငါ့အတွက် နန်းတော် မလိုဘူး
ငါ့အတွက် ရဲတိုက် မလိုဘူး
ငါ့အတွက် လှောင်အိမ် မလိုဘူး
ငါ့အတွက် ဂူမလိုဘူး
ဘာကြောင့်လဲ ဆိုတော့ ငါဟာ လူဖြစ်လို့
ငါ့အတွက် အိမ်ပဲလိုတယ်
ငှက်တွေအတွက် အသိုက်လိုသလိုမိုး
ကြွက်တွေအတွက် တွင်းလိုသလိုမိုး
ငါ နေခဲ့ဖူးတယ်
ဟိုတယ်တွေ၊ ဂက်စ်ဟောက်စ်တွေ
တည်းခိုးခန်းတွေ၊ အပါ့တ်မင့်န်တွေ
ဒါတွေဟာ ခေတ္တပဲ
ဒါတွေဟာ ယာယီပဲ
ငါ့အတွက် နေစရာလိုတယ်
ငါ့အတွက် အိမ်လိုတယ်
ငါ့အိမ်မှာ ရေကူးကန် မလိုဘူး
ပန်းခြံ မလိုဘူး၊ တင်းနစ်ကုတ် မလိုဘူး
ဆားဗင့်ကွာတာ မလိုဘူး၊ မြင်းဇောင်းမလိုဘူး
ငါ့အတွက် အိမ်လိုတယ်
သောက်ရေတွင်းရှိတဲ့
အိမ်သာရှိတဲ့
လေကောင်းလေသန့်ရှိတဲ့
ပျော်ရွှင်မူရှိတဲ့
မေတ္တာတရားရှိတဲ့
လွတ်လပ်မူရှိတဲ့
အဲဒီလို အိမ်မိုးလိုတယ်
ကလေးဘဝက မိခင်ရင်ခွင်ထဲမှာ နေရသလိုမိုး
လုံခြုံစိတ်ချရတဲ့ အိမ်မိုး လိုတယ်။ ။