အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Friday, January 18, 2013

ကျွန်နော်နဲ့ မျက်နှာများ...............

မနေညက တော်တော်နဲ့ အိပ်မပျော်သလို မနက်ကျတော့လည်းအစောကြီးအိပ်ယာနိုးနေသည်……နာရီကြည့်တော့ ၄း၁၅ ။အင်းအခါတိုင်းရင်ရက်တွေမှာဆို မနက်လင်းလာရင်သီချင်းတစ်ပုဒ် 
 စာအုပ်တစ်အုပ်ကိုတော့ကောက်ဖတ်ဖြစ်သည်။…
…ဒီနေ့တော့အရုဏ်ဦးရဲ့အအေးဓာတ်များသိုင်းခြုံနေလည်းစိတ်အာရုံကကြည်လင်မူမရှိ…….
.အင်းငါဘာဖြစ်နေပါလိမ့် ပြတင်းပေါက်ကနေ အပြင်မှာ လုပ်ရှားသွားလာနေတဲ့ ကျောင်သား၊အလုပ်သမား၊ဆိုင်ကယ်များ၊ကားများလူပ်နေတဲ့သစ်ပင်တွေကိုကြည့်ရင်း…
……စာကြည့်စာပွဲမှာဟိုတစ်အုပ်ဒီတစ်အုပ်ဖြန့်ကြဲနေတဲ့စာအုပ်တွေကိုရှင်းလင်းရင်း……..ဆရာမြသန်းတင့်ဘာသာပြန် အိလျာအာရင်ဘတ်ရဲ့စာအုပ်………
….လူများ၊သက္ကရာဇ်များ၊ဘဝ။သြော်လူတွေ၊နှစ်တွေ၊ဘဝတွေရူပ်ထွေးခြင်းလား၊ကြည်လင်ခြင်းလား၊မငြိမ်းချမ်းခြင်းလား
၊ငြိမ်းချမ်းခြင်းလား…………..
သက္ကရာဇ်များကုန်ဆုံးသွားတိုင်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ပတ်သက်ဖူးခဲ့တဲ့လူတွေအကြောင်း ငေးဖြစ်တာ တွေးဖြစ်တာက အကျင့်တစ်ခုလိုဖြစ်နေပြီ။…….တွေးပေါ့ကွာ……အတွေးတွေထဲမှာလျှစ်လျှု ရူ့ခြင်းနဲ့၊မေတ္တာတရားလွမ်းခြုံထားတဲ့နှလုံးသားနဲ့တွေး…
…..အကိုလတ်ဆုံးမတဲ့ စကားလေးကိုဆုတ်ကိုင်ရင်းနဲ့ပေါ့။ အင်းဒီတစ်ခေါက်ရွာကိုပြန်တော့အကိုနဲ့စကားတွေအများကြီးပြောကြသည်။
ရယူခြင်းတစ်ခုမှမရှိပကတိပေးဆပ်ခြင်းတွေနဲ့လမင်းကြီးရဲ့အောက်မှာ……..
အဖေအကြောင်း
အမေအကြောင်း
မိသားစုအကြောင်း
ရပ်ရွာအကြောင်း
အလုပ်အကိုင်တွေအကြောင်း
တည်ငြိမ်တဲ့အကိုစကားသံရဲအောက်မှာ အတွေးတွေတောင်ရောက်မြောက်နဲ့ကြားလိုက်မကြားလိုက်။
မင်းလည်းအလုပ်ထဲမှာအာရုံစူးစူးစိုက်စိုက်လုပ်ပေါ့………
.ဘုရားသွား၊ကျောင်းတတ်၊တရားထိုင်၊စာအုပ်ဖတ်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပေါ့ကွာ။
“မျက်နှာတွေကိုလည်း” မေတ္တာနှလုံးသား၊ ဥာဏ်ပညာနဲ့ လျှစ်လျှုရူ့တတ်အောင်နေ။ဘဝကိုအောင်မြင်ခြင်း
၊ပစ္စည်းဥစ္စာချမ်းသာခြင်းထက်ပတ်ဝန်းကျင်စိတ်အနှောက်ယှက်ဖြစ်အောင်နေတာပိုဂုဏ်ရှိတယ်…
….ကုသိုလ်ရတယ်………ကုသိုလ်ရပါတယ်။
မျက်နှာတွေတဲ့ အကို ဆိုလိုတာကိုနာလည်းတာလိုနားမလည်တာလို ပတ်ဝန်းကျင်လို့ပဲကျွန်တော်ယေဘုရသတ်မှတ်ထားသည်။
အင်း…
…..တစ်ခို့ကကျွန်တော့်ဆီကိုအလိုအလျောက်တိုးဝင်လာသည်။အခို့ကကျွန်တော်ကိုယ်တိုင်ကတိုးဝင်တဲ့နေရာတွေ…
..ဒါပေမယ့်အနှောက်ယှက်မပေးပဲကျနော်ပြန်လာတတ်ပါတယ်။……..အခုလည်းအသလိုပဲ…
..နောက်နောင်လည်းအသလိုဖြစ်နေအောင်နေပါမယ်
…..ဒါပေမယ့်ကျွန်တော်သိတဲ့မျက်နှာတွေကိုတွေးရင်းရင်လေးနေမိတယ်…..မျက်နှာတွေ…….မျက်နှာတွေ…
.မျက်နှာသိ၊မျက်နှာခံ၊မျက်နှာပေး၊မျက်နှာကြောတင်း၊မျက်နှာဖုံး၊မျက်နှပြောင်တိုက်၊မျက်နှာပျက်၊မျက်နှာတန်းမိ၊မျက်နှာစုံညီ
၊မျက်နှာမြင်၊မျင်နှာဖုံး

၊မျက်နှာပြောင်တိုက်၊မျက်နှာပျက်၊ရှေ့မျက်နှာနောက်ထား၊မျက်နှာတော်ဖူး၊မျင်နှာရှိ၊မျက်နှာစိမ်း၊မျက်နာလိုအားရ၊မျက်နှာခိုသွေး
၊မျက်နှာလို၊မျက်နှာပွင့်
၊မျက်နှာပန်းလှ၊မျက်နှာရိပ်မျက်နှာကဲ၊မျက်နှာကြီး……..ဒီမျက်နှာတွေကိုရင်ဆိုင်ဖို့…..ကျွန်တော်မှာအသင့်အတင့်နှလုံးသား
၊ဥာဏ်ပညာတွေရှိမယ်……
.ရှိနေအောင်ထာဝရသင်ယူနေမယ်…..

Friday, December 21, 2012

ကျနော်၏ ရောက်တတ်ရာရာများ



ဒီဇင်ဘာ ၂၂ ဒိုင်ယာရီ………………
ဒီလ ရွာကိုနှစ်ခေါက်ပြန်ခဲ့တယ်
ရွာရိုးကိုးပေါက်ထန်းရည်လျှောက်သောက်ခဲ့တယ်
အကိုတွေနဲ့စကားပြောတယ်
ဆွေမိုးတွေနဲ့စကားပြောတယ်
မိတ်ဆွေတွေနဲ့စကားပြောတယ်

ဒီလအဆင်ပြေသလိုပြေးရင်းလွှားရင်းနေလိုက်တယ်
ချစ်သူသစ်နဲ့လည်းတွေ့ခဲ့တယ်
ချစ်သူဟောင်းနဲ့လည်းဆုံခဲတယ်

ဒီလမုံရွာမှာနေခဲ့တယ်
ကောလိပ်ကျောင်းသာကိုဖတ်တယ်
သပိတ်မှောက်ကျောင်းသားကိုဖတ်တယ်
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများကိုဖတ်တယ်
ဖိုဝင်တောင်ကမျောက်တွေကိုသွားကြည့်တယ်
လက်ပံတောင်းကိုသွားကြည့်တယ်
အမေစုကိုသွားကြည့်တယ်
ကျော်သူ ကိုသွားကြည်တယ်

ဒီလနှစ်သစ်ကူးတော့မယ်လ
Happy New Year လို့အော်ကြမယ့်လ
အော်နှစ်တွေ လတွေ ရက်တွေ နာရီတွေ စက္ကန့်တွေ
ပြန်စဉ်စားကြည့်တော အိမ်(home)နဲ့ဝေးတာ
၇နှစ်ရှိပြီကို…………

ငါအတွက်အိမ်လိုတယ် (လှသန်း ပွဲသိမ်းတေးသံ ကဗျာစု စာအုပ်မှ)
ငါအတွက်နေစရာ လိုတယ်
နေစရာဆိုတာ အိမ်ပေါ့
ဘယ်လိုအိမ်မိုးလဲ
ဗီလာလား၊ ကော့တိတ်ခ်ျလား
ဘန်ဂလိုလား၊ ကန်ထရိုက်တိုက်ခန်းလား
ကွန်ဒိုလား အာရ်စီပတ်ကား နှစ်ထပ်တိုက်လား
ပျဉ်ထောင်အိမ်လား၊ သုံးပင်နှစ်ခန်းလား
လေးပင် သုံးခန်းလား
ခြံစည်းရိုးမှာ ပုဏ္ဍရိတ်ပင်တန်းလေးတွေနဲ့လား
ဓနိမိုး ထရံကာ ဝါးတဲလေးလား
ငါ့အတွက် နန်းတော် မလိုဘူး
ငါ့အတွက် ရဲတိုက် မလိုဘူး
ငါ့အတွက် လှောင်အိမ် မလိုဘူး
ငါ့အတွက် ဂူမလိုဘူး
ဘာကြောင့်လဲ ဆိုတော့ ငါဟာ လူဖြစ်လို့
ငါ့အတွက် အိမ်ပဲလိုတယ်
ငှက်တွေအတွက် အသိုက်လိုသလိုမိုး
ကြွက်တွေအတွက် တွင်းလိုသလိုမိုး
ငါ နေခဲ့ဖူးတယ်
ဟိုတယ်တွေ၊ ဂက်စ်ဟောက်စ်တွေ
တည်းခိုးခန်းတွေ၊ အပါ့တ်မင့်န်တွေ
ဒါတွေဟာ ခေတ္တပဲ
ဒါတွေဟာ ယာယီပဲ
ငါ့အတွက် နေစရာလိုတယ်
ငါ့အတွက် အိမ်လိုတယ်
ငါ့အိမ်မှာ ရေကူးကန် မလိုဘူး
ပန်းခြံ မလိုဘူး၊ တင်းနစ်ကုတ် မလိုဘူး
ဆားဗင့်ကွာတာ မလိုဘူး၊ မြင်းဇောင်းမလိုဘူး
ငါ့အတွက် အိမ်လိုတယ်
သောက်ရေတွင်းရှိတဲ့
အိမ်သာရှိတဲ့
လေကောင်းလေသန့်ရှိတဲ့
ပျော်ရွှင်မူရှိတဲ့
မေတ္တာတရားရှိတဲ့
လွတ်လပ်မူရှိတဲ့
အဲဒီလို အိမ်မိုးလိုတယ်
ကလေးဘဝက မိခင်ရင်ခွင်ထဲမှာ နေရသလိုမိုး
လုံခြုံစိတ်ချရတဲ့ အိမ်မိုး လိုတယ်။ ။  

Thursday, November 1, 2012

၂၅.၄.၂၀၁၂ ပြိုင်ပွဲအခမ်းနားနှင့် ဆုပေးပွဲအခမ်းအနား



၂၅.၀၄.၂၀၁၂ ရက်နေ့လောကပြတင်းစာကြည့်တိုက် စာပေဟောပြောပွဲနှင့် စာပေပြိုင်ပွဲ ဓာတ်ပုံများ.......

ဆရာတော်အရှင်စန္ဒာလင်္ကာရ စာပေအကြောင်းဟောပြော
စာကြည့်တိုက်မူးဦးဇင်မင်းထွန်းမှ လူငယ်နှင့်တာဝန်ယူစိတ်အကြောင်းပြော...
ဧည်သည့်တော် ဦးတူးမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား...
ကျေးရွာအုပ်ခူပ်ရေးမူးဦးလှသောင်မှ အဖွင့်အမှာစကားပြောကြား...

၁၁.၁၁.၂၀၁၁ ရက်နေ လောကပြတင်းဖွင့်ပွဲ မှတ်တမ်းတင် ဓာတ်ပုံများ။

တပုန်းကျေးရွာ အုပ်ခူပ်ရေးမူး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးခူပ် ဦးသာအေး
တွဲဖက်စာကြည့်တိုက်မူး ဦးဌေးလိုင်နှင့် ဦးသာဌေး
ခုံရုံးဥက္ကဌ ဦးသိန်းစိုး နှင့် စာကြည့်တိုက်မူး ဦးဇင်မင်းထွန်း ၁၁.၁၁.၁၁ ရက်နေ့။