အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။
Tuesday, May 21, 2013
ကျွန်တော်ဖတ်ဖြစ်တဲ့ ကဗျာလေးတွေ။
ကိုယ်တွေ့
ကျွန်တော်ဟာ
မာသာထရီဇာလောက်
လူသားတွေကို ကရုဏာ မထားနိုင်ပါဘူး။
ဒါပေမယ့် ကျွန်တော်
ကိုယ့်အမှားနဲ့ ကိုယ်နေထိုင်ပါတယ်
ကိုယ့်တရားနဲ့ ကိုယ်နေထိုင်ပါတယ်
အဲဒါဟာ ကျွန်တော်ရဲ့ ယဉ်ကျေးမူပေါ့
တခို့တွေ
တိုက်မရှိလို့ အားငယ်ရ
ကားမရှိလို့ အားငယ်ရ
ဖုန်းမရှိလို့ အားငယ်ရ
စားစရာမရှိသူ ငယ်စရာ အားမရှိ
လိုအပ်ချက်တွေနဲ့ လူ့အဖြစ်
ယင်လုံအိမ်သာလည်းလိုအပ်
ကွန်ပူတာလည်းလိုအပ်
ဗေဒင်ယတြာလည်းလိုအပ်
“အပ်အပ်စပ်စပ်လုပ်ကြ” တဲ့
ရှင်ဇနကာဘိဝံသ မိန့်တော်မူတယ်
ဖြစ်နေတာတွေက မအပ်မစပ်
ငွေတစ်ကျပ်နဲ့ စိန်နားကပ်ပန်ချင်သူလည်းရှိ
သနားလို့ရေပေးခိုးတာ ဆပ်ပြာခိုးသွားသူလည်းရှိ
ရောဂါကိုမွေးစားပြီး သမားကိုဝေးဝေးရှောင်သူလည်းရှိ
ဘယ်လိုလုပ်ကြမလဲ
ကိုယ့်အနုပညာနဲ့ကိုယ် သေချာပြီးမှတော့
ကြောငြာမလို
တွေ့ဆုံမေးမြန်းခန်းမလို
ခေါင်းပန်းလှန်နေစရာမလို
မလို………..မလို……….မလို…..
ကိုယ်တွေ့။ ။
Wednesday, May 8, 2013
မေတ္တာသည် စိတ်ရှည်တတ်၏၊ ကျေဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါးကြွားခြင်းမရှိ၊ မာန်မာနမရှိ။
မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ်အကိုးကို မရှာတတ်။ ခပ်သိမ်းသော အရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။
ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်လွတ်ကင်း၏။
ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း ၊ ချစ်ခြင်း ထိုသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသသည် အမြတ်ဆုံး။
Wednesday, April 3, 2013
ကျွန်တော် မငိုတတ်တော့ဘူး.....................
ကျွန်တော် မငိုတတ်တော့ဘူး……………….
မနေ့မနက်က အိပ်မက်မက်တယ် အိပ်မက်ထဲအမေ……… သားနေကောင်းရဲ့လား။ နေရထိုင်ရတာအဆင်ပြေရဲ့လား။ အမေမေးနေ့ကြစကား။ ကျွန်တော်လန့်နိုးသည်။ ဆက်အိပ်လို့မရတော့။ အိပ်ယာခေါင်းရင်းက အဖေ နဲ့ အမေရဲ့ ဓာတ်ပုံကို ထကြည့်မိသည်။ အဖေနဲ့ အမေရဲ့ဓာတ်ပုံမတွေ့။ ကျွန်တော်တော့လနု့်သွားတယ်အဖေနဲ့အမေဓာတ်ပုံလေးမရှိတော့ဘူး။ ကျွန်တော်ဆောက်တည်ရာမရဖြစ်သွားသည်။ ဘယ်နားထားမှိတာပါလိမ့်သေချာစဉ်းစားသည်။ ကျွန်တော်အခန်းထဲမဟုတ်ကျွန်တော်နေရာမဟုတ်၊ နေရာသစ်ကိုရောက်နေသည်။ နေသားမကျသေးတဲ့အခန်းမှာ ဘယ်နားမီးခလုပ်ရှိတယ်မသိ။ တုန်ရီနေတဲ့နှလုံးသား၊အသက်ရူကြပ်နေတဲ့ကျွန်တော် အမောပြေရေသောက်ဖို့ရေအိုးကဘယ်နားမှန်းမသိ။ အသက်ဝဝရူဖို့ လေကောင်းလေသန့်ရဖို့ ဘယ်ပြတင်းပေါက်ကိုဖွင့်ရမှန်းမသိ။ ကျွန်တော်မောနေတယ်…..ကျွန်တော်မောတယ်ဗျာ…………။ အဘိုကြီးတစ်ယောက်ရဲ့လက်တွေလိုတုန်းရီနေတဲ့ လက်တွေနဲ့ ကျွန်တော်အိပ်ယာဘေးမှ တောင်စမ်းမြောက်စမ်း စမ်းမှီသည်။ ဟော့……..တွေပြီမျက်မှန်။ မျက်မှန်တပ်မှ အလင်းရောင်တစ်ခုတွေရသည်။ ကွန်ပူတာက အလင်းရောင်။ မနေ့ညကဘယ်ချိန်အိပ်ပျော်သွားမှန်မသိ။ ကွန်ပူတာ မပိတ်မိ။ ကွန်ပူတာထဲက အဖေ့ ပုံနဲ့ အမေ့ပုံတွေပြီ။ ကျွန်တော်စိတ်သက်သာယာရသွားသည်။ နွေးထွေးမူတော့ မရှိသလိုခံစားရသည်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့်လား။ အေးနေ့တဲ့ အဲယားကွန်းရဲ့ဒဏ်ကြောင့်လားမသိ။
အိပ်မပျော်တဲ့ ညတွေတိုင်း စာအုပ်တစ်အုပ်။ တရားခွေတပုဒ်နဲ့ မနက်မိုးလင်းရသည်။ အခုတော့စာအုပ်လည်းဖတ်လို့မရ တရားလည်းနာလို့မရ။ အေးစက်နေတဲ့ ကျွန်တော်လက်ဖျားတွေ ဘောင်ဘီထဲထည့်ပြီးအပြင်ကိုလမ်းလျှောက်ဖြစ်သည်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အန်တုရင်း။ ကြယ်ကလေးတွေ စီစီရီရီ။ ရှမ်းရိုးမတောင်တန်းကြီးက မိုင်းပြပြ။ တစ်ချက်တစ်ချက် ဆိုင်ကယ်သံ ကားသံ။ ဒီလိုညတွေကျွန်တော်ဖြတ်သန်းခဲ့ရတာ အတော်ကြာပြီ။ ကြာပြီ။ ၇ နှစ်လောက်ရှိသွားပြီ။ ကျင့်သားရနေတာလား။ ဒီလိုပတ်ဝန်းကျင်ဖြတ်သန်းရတာများလို ရိုးနေတာလားမသိ။ဒီလိုပတ်ဝန်းကျင်က ကျွန်တော့်မိတ်တွေဖြစ်နေပြီ။ အမေပြောဘူးတဲ့စကားတစ်ခွန်း ဖြတ်ခနဲ့ အမှတ်ရသွားသည် “မင်းလက်တွေက ၁၂ ရာသီ အေးဆက်နေတယ်”။ ကျွန်တော့်လက်တွေပြန်စမ်းကြည့်ဖြစ်တယ်။ အေးတယ်။ အေးနေတယ်။ April Fool နေ့က ကျွန်တော် သူငယ်ချင်းတစ်ယောက် စ သလို လက်ဖျားအေးအေးနဲ့ နှလုံးသားနွေးတဲ့လူတော့ မဟုတ်တာက ကျွန်တော်ကိုကျွန်တော်သိနေတယ်။ ပညာ နဲ့ ခန္တိ ပါရမိတွေ ကျွန်တော် ကို ကျွန်တော်ဖြည့်ရအုံးမယ်။ အမှားနဲ့ တရားကိုလည်း ကျွန်တော် ဆင်ခြင်ရအုံးမယ်။ အမြင်မကောင်းတော့တဲ့ ကျွန်တော့်မျက်လုံးတွေနဲ့ ကျွန်တော့်နှလုံးသားကို အကောင်းမြင်တတ်အောင် အပြုသဘောဆောင်တတ်အောင်ကျွန်တော်အများကြီး အားထုပ်၇အုံးမယ်။ အားထုပ်နေပါတယ်။ ဖြစ်သမျှအကြောင်းအကောင်း သဘောမထားဘူး။ ဂရုဏာစိတ်နဲ့ ဦးနှောက်နဲ့ နှလုံးသားမျှခြေဆိုက်အောင် နေမယ်။ စကားတွေကို လိုက်လှန်အဓိပ္ပယ်ဖွင့်နေတဲ့ ကျွန်တော်။ စကားနောက်ကွယ်က အဓိပ္ပယ်တွေကို လျှစ်လျှူရူ့ပစ်လိုက်မယ်။ လူတွေရဲ့ ဘဝရည်မှန်းချက်တွေ၊ ကွဲပြားခြားနားချက်တွေ ကတစ်ယောက်မျှော်မှန်းတာဟာ နောက်တစ်ယောက်အတွက် အဓိပ္ပယ်ရှိချင်မှ ရှိနေလိမ့်မယ်ဆိုတဲ့ အတွေးနဲ့။ ဒုက္ခရောက်သူတွေ ကို စာနာတတ်အောင် ဖေးမကူညီတတ်အောင် ကြင်နာစကားဆိုတတ်အောင် လူမူရေးကိစ္စတွေကို တတ်နိုင်သလောက် ဆောင်ရွက်ကြည့်မယ်။ ကုသိုလ်ရဖို့ ဒီလိုညတွေဖြတ်သန်းမယ်။ မကြားသင့်တာတွေ မကြားရအောင် နားတွေပိတ်ထားမယ်။ မမြင်သင့်တာတွေ မမြင်ရအောင် မျက်မှန်ချွတ်ထားမယ်။ မပြောသင့်တာတွေ မပြောဖြစ်အောင် နူတ်ဆိတ်နေလိုက်မယ်။ အမေအမြဲတမ်းလိုလို ရွှတ်ခိုင်းတဲ့ ပရိတ်ကြီး ၁၁ သုတ်ရွှတ်လိုက်မယ်။ ကျွန်တော်ဟိုတုန်းကလို မငိုတတ်တော့ဘူး …..
ဟိုတုန်းကလိုငိုတတ်တော့ဘူး……..
ကျွန်တော်လူအဖြစ်ရှင်သန်နေရလို့…….
ကျွန်တော်နေ့တိုင်းထမင်းနပ်မှန်အောင်စားနေရလို့…….
ကျွန်တော့်မှာ အဖေ နဲ့ အမေ ရှိနေလို့……..
စောက်ရှောက်တဲ့ အကို၊ အမ ၊ ညီ ၊ ညီမ တွေ ရှိနေလို့………….ကျွန်တော်မငိုတော့ဘူး………..ကျွန်တော်မငိုတတ်တော့ဘူး။ ။ ။
၂.၃.၂၀၁၃။ ည….. ၁၁:၅၂
Sunday, March 24, 2013
သင်္ကြန်မှာ ဒါလေးတွေလုပ်မယ်ဗျာ
သင်္ကြန်မှာဘာလုပ်မလဲလို့ မေးတိုင်းဒါလုပ်မယ်လို့ ဖြေဖြစ်သည်။ လျှောက်မလည်ချင် လည်တာက ပင်ပန်းသည်။ စိတ်ရောလူပါ ပန်ပင်းသည်။ ရိပ်သာကိုလည်း မဝင်ချင် ချောင်းသာကိုလည်း မလိုက်ချင်။ သင်္ကြန်တွင်းဒါလေးတွေလုပ်မည်-
-ရွာပြန်မယ်
-ငယ်ပေါင်းကြီးဖော်တွေနဲ့ ထနောင်းပင်အောက်မှာ ထန်းရည်အိုးတစ်လုံးနဲ့ ငယ်ကိုးငယ်နာတွေပြောကြမယ်
- အမကြီးတွေ ချက်ကြွေးတဲ့ထမင်းကိုစားရင်း အိပ်ရေးဝဝလင်လင်အိပ်ပြီး စောစောထမယ်
- သင်္ကြန်တွင်း ရွာလည်ခေါင်အရပ်ဇာတ်ကို လုပ်ခုပ်တီးပြီးအာပေးမယ်
- တူလေးတွေ၊ တူမလေးတွေကို ဆရာတင်မိုး၊ မင်းသုဝဏ် ရဲ့ ကဗျာလေးတွေဖတ်ပြမယ်
- အကြီးဆုံးတူနဲ့ တူမကိုတော့ကွန်ပူတာ စာစီစာရိုက်လေး ဘယ်လိုရိုက်ဟ ညာလိုရိုက် လို့ ပြောပြမယ်
- ကျောင်းအုပ်ဆရာမ အမတစ်ဝမ်းခွဲ မမကြီးဆီက စီမံခန့်ခွဲမူ အတတ်ပညာလေးတွေမေးမယ်
- ကချင်ပြည်နယ် တာဝန်ကျတဲ့ ညီမ ဝမ်းကွဲ ကျောင်းဆရာမလေး ဆီက အတွေ့အကြုံလေးတွေမေးမယ်
-နေ့တိုင်းဥပုဒ်စောင့်တဲ့ အဒေါ်အကြီးဆုံးကြီးကို ဘသန်း (ဓမ္မိက) ရဲ့ ကောင်းကြီးလူ့ဘောင် နဲ့ ချမ်းသားခြင်း အစစ် စာအုပ်တွေဖတ်ပြမယ်။
- အကိုဝမ်းခွဲ နဲ့ သူငယ်ချင်း တစ်ယောက်ဆီက ငှားခဲ့တဲ့ စာအုပ်လေးတွေ ပြီးအောင်ဖတ်မယ်
- စာတမ်းအတွက် အထောင်အကူပြုမယ် eassy လေး သုံးလေး ပုဒ် ပြီးအောင်ရေးမယ်။
- မုံရွာမှာ နေတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ မိနစ် ၂၀ လောက်ဖုန်းပြောမယ်
- ရွာလည်စာကြည့်တိုက်မှာ သန့်ရှင်းရေးလေး ဝိုင်းကူလုပ်မယ်၊ စာအုပ်လေးတွေကူဆီပေးမယ်
-ရွာလူကြီးတွေနဲ့ စကားတစ်လုံးနှစ်လုံးပြောမယ်
ဆရာတော်ကြီး တစ်ပါးနဲ့ စာပေဟောပြောပွဲ တစ်ပွဲနှစ်ပွဲ တောင်မရောက် မြောက်မရောက်လေးတွေပြောမယ်
- နှစ်ဆန်း တစ်ရက်နေမှာတော့ တစ်နှစ်မှာ တစ်ခါ ဥပုဒ်စောင့်ဖြစ်တဲ့ နေလေးဖြစ်နေလို့ ဆယ်ပါသီးလ ယူမယ်(ပေးမယ်)
ကဲလုပ်ချင်တာ၊ လုပ်ဖြစ်မယ့် သင်္ကြန်တွင်းအစီအစဉ်လေးတွေက ဒါပဲ။
……………………..
Friday, March 15, 2013
In Monywa
နုယဉ်ယဉ် လွမ်းခြင်း…….တမ်းခြင်း……..သက်ဆိုင်သူများ သိကြားစေ……သက်ဆိုင်သူများဖတ်ကြားစေ…….
……………………………………………………………………………………………………………………………….
အလွမ်းက လူကို လူဆန်စေသည်။ဝေဒနာတို့ကို ပိုလို့၇ှတပြင်းထန်စေသည်။ချစ်ခြင်းနှင့်မုန်းခြင်းက တကယ်တော့ အန္တရာယ်ကြီးစွာနီးကပ်လွန်းလှသည်။အတွေးကလူကိုအေးစက်လက်တွေ့ဆန်စေသည်။လူကိုလူနှင့်ဝေးစေတတ်သည်။အတွေ၏ဖွားဖက်ဆင်ခြင်တုံတရားကဝေဒနာတခို့ကိုလွင့်ပါစေးတတ်သလိုတစ်ဖက်ကလည်းဝေဒနာအစုစုကိုဖုံးကွယ်ဖာထေးပေးတတ်လေသည်။နူးညံ့သိမ်မွေ့မူကသာအရှိကိုအရင်းအတိုင်းခံစားစေသည်။ လိုသည်ပိုသည်မရှိ။
ဒေါက်တာအောင်ကြီး…………………………………………………………………………………………………………….
ကျွန်တော့်အတွက်က လွမ်း ဆိုတဲ့ စကားက ပြောရတာလှပေမယ့်။ ခံရတာတော်တော်ဆိုးတဲ့စကားလုံးဖြစ်သည်။ဒါပေမယ့်လွမ်း တတ်တာက ငယ်ကျင့်လိုဖြစ်နေပြီ။ အရာရာကိုလွမ်းတတ်သည်။ လွမ်းနေတတ်သည်။ တွေ့ခဲ့၊မြင်ခဲ့၊ကြားခဲ့ရတဲ့အရာအားလုံး ကို နှလုံးသားနဲ့အသင့်အတင့်ခံစားတတ်တာလည်းပါမယ်ထင်ပါသည်။ တစ်ခိုအလွန်းတွေက ရှတပြင်းထန်စေတယ်။တစ်ခိုအလွမ်းတွေကလည်း ကျွန်တော်ကိုပြုံးပျော်စေတယ်။ ပြုံးပျော်စေအကြောင်းအရာတွေကိုတွေးတိုင်း ကြည်နူးဝမ်းသာရတယ်။ လွမ်း….အဲဒီအလွမ်းတွေကို ဘယ်ထိလွမ်းမှာလည်း ဘယ်အချိန်ထိလွမ်းနေမှာလည်း တကယ်လို့ တစ်ယောက်ယောက် က မေးတယ်ဆိုအံ့။ ကန္တာရထဲမှာ ရောက်နေတဲ့အချိန်တွေကို မင်းဘာကို အလွမ်းဆုံးဖြစ်မလည်းလို့မေးခဲ့သည်ဆိုရင်လည်း…. လွမ်းရတဲ့နေတွေ လွန်ပါစေလိုလည်း ဆုတောင်းမည်မဟုတ်။ လွမ်းစရာရှိတာတွေတော့လွမ်းနေရအုံးမှာပဲလို့ပြောရမှာပဲ။ အလွမ်းတွေနဲ့ ခံစားချက်တွေပေါင်းဖက်တဲ့အလွမ်းနဲ့။
တစ်ခိုအလွမ်းတွေက အတိတ်မှာကျန်ခဲ့ပြီ။ အတိတ်မှာကျန်ခဲ့တာကို အတိတ်မှာပဲနေသင့်တယ် သဘောထားဖြစ်တယ်။ ဒီထက်ပိုပြီးမစဉ်းစားသင့်ဘူးထင်တာကြောင့်လည်းပါသည်။ အိပ်မပျော်တဲ့ညတွေမှာဆို…တောင်တွေးမြောက်တွေး…တောင်ရေးမြောက်ရေးတွေလည်းရေးဖြစ်သည်။
အခုလည်း မုံရွာ နုယဉ်ယဉ် အဆောင် မှာ နေရင်း မောင်နှမသုံးယောက် လျှောက်ရိုက်ထား ဓာတ်ပုံတွေကိုကြည့်ဖြစ်သည်။ အကြော်ဆိုင်၊ကျောက္ကာ၊ဗောဓီတစ်ထောင်၊ လျှောက်သွားဖြစ်တဲ့နေရာမှာ ဓာတ်ပုံတွေကို။ ကြည့်ရင်း ကြည်နူးပျော်ရွင်ရသည်။ စိတ်ကကြည်တော့ နူတ်က သွက်လာသည်။ ဒါနဲ့ပဲ တောင်ရေးမြောက်ရေးတွေ ရေးဖြစ်သည်။ ကဗျာ မဟုတ် စာလည်း မဟုတ်…..နုယဉ်ယဉ် အဆောင်မှာနေတဲ့သူများသာဖတ်ရန် ပြုံးလိုရေးတဲ့စာ။ပျော်လို့ရေးတဲ့စာ။ကြည်နူးလို့ရေးတဲ့စာ…………..ဒီစာလေးကို ဖတ်တဲ့ နုယဉ်ယဉ်နဲ့ သက်ဆိုင်သူများ copy page လုပ် ပရင့် ထုပ်ပြီး အဆောင်မှာကပ်ရန် လည်း ခွင့်ပြုပါသည်…………………………..သက်ဆိုင်သူများဖတ်ကြားရန်……..
နုယဉ်ယဉ်တမ်းချင်း……….နုယဉ်ယဉ်လွမ်းခြင်း
…………………………………………………………
မုံရွာကိုသိလား
သိတာပေါ့
မြိုလယ်ခေါင်မှာ ဗိုလ်ခူပ်ကျေးရုပ်ကြီးကိုလည်းသိတယ်။
အရှေ့တစ်ကျောတွင် အလယ်ရိုးမအဆက်
ရွှေမြင်တင်တောင်၊ ကျောက္ကာတောင်
အနောက်တစ်ရိုးက၊ ချင်းတွင်းရေကြည်
ချင်းတွင်းအလွန်တွင်ကား၊
လက်ပံတောင်းတောင်၊
ဖိုးဝင်းတောင်၊ ပုံတောင်ပုံညာတောင်တန်း .
အနောက်ရိုးမ၏ အဆွယ်အပွားများ
ဤရိုးမနှစ်စင်းကြား မြစ်ဝှမ်းလွင်ပြင်လေးမှာ
ပူပြင်းခြောက်သွေ့လှသော ကန္တာရထဲမှ အိုအေစစ်လေးပင် ..။
အဲ့ဒါမုံရွာ………….။
မုံရွာတက္ကသိုလ်ကိုသိလား
သိတာပေါ့။
ကျောက္ကာလမ်းဘေးမှာ ထီထီကြီး။
ကျောက္ကာလမ်းကို သိရင်
နုယဉ်ယဉ်ကိုသိလား။
ငါသိတယ်…………
အပြာနုရောင် ဆိုင်းဘုတ်
သပြေရိပ်အောက်မှာ
နုယဉ်ယဉ်မဖြစ်ခင်က
သပြေရိပ်………..။
ငါခေါ်တဲ့နာမည်။
အမေနု ရှိတယ်
နှစ်ထပ်ဆောင် နှစ်ဆောင်ရှိတယ်။
အခန်း ၁၁ ခန်းရှိတယ်။
အမောပြေ သောက်ဖို့
ရေးနှစ်အိုးရှိတယ်။
ရေးအေးအေးသောက်ရင်း
ပစ္စုပ္ပန် လူမုန်းရဲ့ မေတ္တာစာကိုလည်း
ဖတ်လိုရတယ်။
မင်းပဲသိတာလား သိတာပေါ့
ဇင်မင်းထွန်း သိတဲ့ နုယဉ်ယဉ်
ငွေဘော သိတဲ့ နုယဉ်ယဉ်
အောင်ဌေးသိတဲ့ နုယဉ်ယဉ်
သံချောင်း သိတဲ့ နုယဉ်ယဉ်
ဇော်မင်းခိုင် သိတဲ့ နုယဉ်ယဉ်
ဟိန်းဇာ သိတဲ့ နုယဉ်ယဉ်
မျက်ပြူး သိတဲ့ နုယဉ်ယဉ်
အောင်လွင်ဆန်း သိတဲ့ နုယဉ်ယဉ်
စုစုဖြိုး သိတဲ့ နုယဉ်ယဉ်
ဂျမ်းဝေ သိတဲ့ နုယဉ်ယဉ်
လှလှစိုး သိတဲ့ နုယဉ်ယဉ်
တင်မောင်လင်း သိတဲ့ နုယဉ်ယဉ်
မုံရွာကဗျာ ဆရာ ရဲ့ ကဗျာကို
အော်ပြီး က ခဲ့ကြတဲ့ နုယဉ်ယဉ်
သေရည်မူးမူး လူမူးမူး
ရစ်မူးခြင်းကို
ချစ်တတ်သူလေ……..
နုယဉ်ယဉ် မှာပဲ
ရည်စားစကား ဖုန်းနဲ့ပြောပါတယ်လို့
စွပ်စွဲခံရတဲ့ နုယဉ်ယဉ်
စွပ်စွဲသူက နုယဉ်ယဉ်
က စုစုဖြိုး
အစွပ်စွဲ ခံရသူက
နုယဉ်ယဉ် က မောင်ငွေဘော
ရန်တွေဖြစ်ရတဲ့ နုယဉ်ယဉ်
စိတ်တွေမဆိုးကြတဲ့ နုယဉ်ယဉ်
အခုတော့လွမ်းရတဲ့ နုယဉ်ယဉ်
နောက်လည်း လွမ်းရမဲ့ နုယဉ်ယဉ်
အနီးမြင် နုယဉ်ယဉ်
အဝေးမြင် နုယဉ်ယဉ်
အသက်တွေကြီးသွားကြပြီ
နုယဉ်ယဉ် က နုယဉ်ယဉ်ပဲ။
ဒါပဲလား…………
နုယဉ်ယဉ်ကို ဌေးလိုင်သိတယ်
နုယဉ်ယဉ်ကို ဝါမိုး သိတယ်
နုယဉ်ယဉ်ကို သင်းသင်းဝါ သိတယ်
နုယဉ်ယဉ်ကို ဝေဝေမွန် သိတယ်
နုယဉ်ယဉ်ကို ယဉ်မာစန်းတို့သိတယ်
နုယဉ်ယဉ်ကို စန်းစန်းဌေး သိတယ်
နုယဉ်ယဉ်ကို နာမည် မသိတဲ့ ဆရာလေးသိတယ်။
နုယဉ်ယဉ် ကို ကျွန်တော်မသိတဲ့လူတွေသိတယ်
နုယဉ်ယဉ် ကို ကျွန်တော်သိတဲ့လူတွေ သိတယ်။
နုယဉ်ယဉ် ကို တပုန်းကသိတယ်
နုယဉ်ယဉ် ကို ကနီမြောက်လက်ကသိတယ်
နုယဉ်ယဥိကို ကျွန်တော်မသိတဲ့ ဒေသကသိမယ်။
နုယဉ်ယဉ် ကို မောင်းထောင်ကလူတွေသိမယ်။
နုယဉ်ယဉ်ကို ကောလင်းကလူတွေသိမယ်။
နုယဉ်ယဉ် ကို မိုးကောင်းကလူတွေသိမယ်။
နုယဉ်ယဉ် ကို ကျွန်တော်သိတဲ့ မြိုကလူတွေသိလိမ့်မယ်။
နုယဉ်ယဉ် ကို ကျွန်တော်မသိတဲ့ မြို့က လူတွေသိလိမ့်မယ်။
ဖြိုးဖြိုးခင် တို့ နေတဲ့ နုယဉ်ယဉ်
ကျော့ကျော့ခင် တို့ နေတဲ့ နုယဉ်ယဉ်
အေးမွန်ကြည့်တို့ နေတဲ့ နုယဉ်ယဉ်
ဘုတ်အီးတို့ နေတဲ့ နုယဉ်ယဉ်
ငြိမ်းငြိမ်း တို့ ဇနီးမောင်နှံနေတဲ့ နုယဉ်ယဉ်
(ငြိမ်းငြိမ်းခင်ပွန်း နာမည် မေ့နေလို့ဗျ)
မင်းသမီးနာမည် နှာခေါင်း ကြီးကြီး နဲ့ကောင်မလေးနေတဲ့ နုယဉ်ယဉ်
ဘယ်သူတွေ ဘယ်ကိုပြောင်းပြောင်း
ဘယ်သူတွေ ဘယ်လိုပြောင်းလဲပြောင်းလဲ
ဘယ်သူတွေ ဘယ်လိုနှာခေါင်း ကြီးကြီး
ဘယ်သူတွေ ဘယ်လို သစ္စာမထား
ဘယ်သူတွေဘယ်လို မေတ္တာ မထား
ဘယ်သူတွေဘယ် လို ခောတ်ဆန်ပါစေ
ဘယ်သူတွေ ဘယ်လို မဟာဆန် ပါစေ
နုယဉ်ယဉ်ကတော့ ယဉ်ယဉ်လေးပဲ
ယဉ်ယဉ်လေး
ယဉ်ယဉ်လေးနဲ့ ရူးတာမဟုတ်ဘူး
ယဉ်ယဉ်လေး နဲ့ ရိုးတာ။
ရိုးရိုးလေးနဲ့ ယဉ် တဲ့ ယဉ်ယဉ်နု။
ယဉ်ယဉ်နု လို အရပ်မပုတဲ့ နုယဉ်ယဉ်
ယုယုဇာ လို အာ မဖြဲတဲ့ နုယဉ်ယဉ်
အိမွန် လို..ထန်းလက်ပြားခြောက်မဟုတ်တဲ့ နုယဉ်ယဉ်…..
ဝင်းထိန် လို မမူးတဲ့ နုယဉ်ယဉ်
နန်းစိုးလို မက တဲ့ နုယဉ်ယဉ်
ရှမ်းမတွေ လို တောင်သွားမြောက်သွားမဟုတ်
တည်ငြိမ်တဲ့ နုယဉ်ယဉ်
စိုးမိုးထွေး လို အသားမည်းမည်းသွားသွားကြဲကြဲ
မဟုတ်တဲ့ နုယဉ်ယဉ်
နန်းတော်ရှေ့ဆရာတင် သီချင်းထဲ ကလို
ကျမ ရုပ်ပုံကိုကြည့်ချင်တယ်ဆို……
ထမင်းအိုဖင်ကို ကြည့်တော်မူပါအကို…..
ခိုင်သူဇာ လို ထမင်းအို ဖင်နဲ့တူတာမဟုတ်တဲ့ နုယဉ်ယဉ်………..
ချောင်ရွန်ဖတ်လိုချောတဲ့ ဗဒင်လို မင်းသားလေးတွေ နေခဲ့ဖူးတဲ့ နုယဉ်ယဉ်
Backup plan ကို ကြိုက်တယ်ဆိုတဲ့ ဇနီးမောင်နံ ရှိတဲ့ နုယဉ်ယဉ်
နမ်းခမ်းခို နေခဲ့ တဲ့ နုယဉ်ယဉ်
နမ်းခမ်းခို နဲ့ တွေခဲ့တဲ့ နေရာကလည်း နုယဉ်ယဉ်
မိုးယုစံနဲ့ တူတယ် လင်းလင်း ကိုလည်း ပြောရတယ် ကိုနေတဲ့ နေရာက နုယဉ်ယဉ်
အသည်းကွဲတဲ့ နေရာက နုယဉ်ယဉ်
အခို့လူတွေအတွက်ပေါ့……….
ပျော်စရာတွေရှိတဲ့ နေရာကလည်း နုယဉ်ယဉ်
အခို့လူတွေအတွက်ပဲ…………
၂၀၀၆ က နုယဉ်ယဉ်
၂၀၁၂ က နုယဉ်ယဉ်
အမေနု …….ရှိတဲ့နုယဉ်ယဉ်…………
သပြေရိပ်အောက်က နုယဉ်ယဉ်
သီတာအေးနားက နုယဉ်ယဉ်
ကျောက္ကားလမ်း ပေ ၈၀ ထောင့်
နုယဉ်ယဉ် မဟုတ်သေးဘူး။
ပေ ၈၀ ထဲဝင် တစ်လမ်းကျော်
နုယဉ်ယဉ် မဟုတ်သေးဘူး။
နှစ်လမ်းကျော် လိုက် နုယဉ်ယဉ် မဟုတ်သေးဘူး။
ညာကွေ့ နုယဉ်ယဉ်ကို တွေ့လိမ့်မယ်။
သပြေရိပ်ကို တွေ့လိမ့်မယ်။
ငြိမ်းချမ်းခြင်း အပြာနုရောင်အောက်က
နုယဉ်ယဉ်…………..အဲ့ဒါ နုယဉ်ယဉ်ပဲ။
(အမေနု နှင့် အမေနုအဆောင်မှာနေခဲ့ကြတဲ့လူတွေ နာမည်မပါတဲ့လူရော နာမည် ပါတဲ့လူရောကျန်းမာကျပါစေ။ချမ်းသာကြပါစေ။ နာမည်ပါတဲ့လူတွေရောနာမည်ပါတဲ့လူတွေရောစိတ်မဆိုးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။ ဒီနေည စာမကျက်ချင် မဖတ်ချင်တာကြောင့် စိတ်ထဲရှိတာတွေ တောင်ရေးမြောက်ရေး ရေးပါသည်။မေတ္တာပို့မယ်သူတွေရှိနေလိမ့်မည်။ မေတ္တာတစ်ကူးတစ်ကပို့လိုပါက ကျွန်တော့်ညီမလေးနှစ်ယာက်စီမှာ ကျွန်တော်ကို ဆက်သွယ်လိုရတဲ့ ဖုန်းနံပါတ်နဲ့ အိမေး လိပ်စာရှိပါသည်။၂၀၀၆ နှင့် ၂၀၁၂ ကျွန်တော်နေခဲ့တဲ့ နှစ်ကာလများမှာ ကျွန်တော်သိတဲ့လူတွေကိုသာ ထည့်ရေးထားပါသည်။)
မောင်ငွေဘော() ဇင်မင်းထွန်း
၂.၃.၂၀၁၃………နံနက် ၀၂း၃၂
Friday, January 18, 2013
ကျွန်နော်နဲ့ မျက်နှာများ...............
မနေညက တော်တော်နဲ့
အိပ်မပျော်သလို မနက်ကျတော့လည်းအစောကြီးအိပ်ယာနိုးနေသည်……နာရီကြည့်တော့ ၄း၁၅ ။အင်းအခါတိုင်းရင်ရက်တွေမှာဆို
မနက်လင်းလာရင်သီချင်းတစ်ပုဒ်
စာအုပ်တစ်အုပ်ကိုတော့ကောက်ဖတ်ဖြစ်သည်။…
…ဒီနေ့တော့အရုဏ်ဦးရဲ့အအေးဓာတ်များသိုင်းခြုံနေလည်းစိတ်အာရုံကကြည်လင်မူမရှိ…….
.အင်းငါဘာဖြစ်နေပါလိမ့်
ပြတင်းပေါက်ကနေ အပြင်မှာ လုပ်ရှားသွားလာနေတဲ့ ကျောင်သား၊အလုပ်သမား၊ဆိုင်ကယ်များ၊ကားများလူပ်နေတဲ့သစ်ပင်တွေကိုကြည့်ရင်း…
……စာကြည့်စာပွဲမှာဟိုတစ်အုပ်ဒီတစ်အုပ်ဖြန့်ကြဲနေတဲ့စာအုပ်တွေကိုရှင်းလင်းရင်း……..ဆရာမြသန်းတင့်ဘာသာပြန်
အိလျာအာရင်ဘတ်ရဲ့စာအုပ်………
….လူများ၊သက္ကရာဇ်များ၊ဘဝ။သြော်လူတွေ၊နှစ်တွေ၊ဘဝတွေရူပ်ထွေးခြင်းလား၊ကြည်လင်ခြင်းလား၊မငြိမ်းချမ်းခြင်းလား
၊ငြိမ်းချမ်းခြင်းလား…………..
သက္ကရာဇ်များကုန်ဆုံးသွားတိုင်း
ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ပတ်သက်ဖူးခဲ့တဲ့လူတွေအကြောင်း ငေးဖြစ်တာ တွေးဖြစ်တာက အကျင့်တစ်ခုလိုဖြစ်နေပြီ။…….တွေးပေါ့ကွာ……အတွေးတွေထဲမှာလျှစ်လျှု
ရူ့ခြင်းနဲ့၊မေတ္တာတရားလွမ်းခြုံထားတဲ့နှလုံးသားနဲ့တွေး…
…..အကိုလတ်ဆုံးမတဲ့ စကားလေးကိုဆုတ်ကိုင်ရင်းနဲ့ပေါ့။
အင်းဒီတစ်ခေါက်ရွာကိုပြန်တော့အကိုနဲ့စကားတွေအများကြီးပြောကြသည်။
ရယူခြင်းတစ်ခုမှမရှိပကတိပေးဆပ်ခြင်းတွေနဲ့လမင်းကြီးရဲ့အောက်မှာ……..
အဖေအကြောင်း
အမေအကြောင်း
မိသားစုအကြောင်း
ရပ်ရွာအကြောင်း
အလုပ်အကိုင်တွေအကြောင်း
တည်ငြိမ်တဲ့အကိုစကားသံရဲအောက်မှာ
အတွေးတွေတောင်ရောက်မြောက်နဲ့ကြားလိုက်မကြားလိုက်။
မင်းလည်းအလုပ်ထဲမှာအာရုံစူးစူးစိုက်စိုက်လုပ်ပေါ့………
.ဘုရားသွား၊ကျောင်းတတ်၊တရားထိုင်၊စာအုပ်ဖတ်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပေါ့ကွာ။
“မျက်နှာတွေကိုလည်း”
မေတ္တာနှလုံးသား၊ ဥာဏ်ပညာနဲ့ လျှစ်လျှုရူ့တတ်အောင်နေ။ဘဝကိုအောင်မြင်ခြင်း
၊ပစ္စည်းဥစ္စာချမ်းသာခြင်းထက်ပတ်ဝန်းကျင်စိတ်အနှောက်ယှက်ဖြစ်အောင်နေတာပိုဂုဏ်ရှိတယ်…
….ကုသိုလ်ရတယ်………ကုသိုလ်ရပါတယ်။
မျက်နှာတွေတဲ့ အကို
ဆိုလိုတာကိုနာလည်းတာလိုနားမလည်တာလို ပတ်ဝန်းကျင်လို့ပဲကျွန်တော်ယေဘုရသတ်မှတ်ထားသည်။
အင်း…
…..တစ်ခို့ကကျွန်တော့်ဆီကိုအလိုအလျောက်တိုးဝင်လာသည်။အခို့ကကျွန်တော်ကိုယ်တိုင်ကတိုးဝင်တဲ့နေရာတွေ…
…
..ဒါပေမယ့်အနှောက်ယှက်မပေးပဲကျနော်ပြန်လာတတ်ပါတယ်။……..အခုလည်းအသလိုပဲ…
..နောက်နောင်လည်းအသလိုဖြစ်နေအောင်နေပါမယ်
…..ဒါပေမယ့်ကျွန်တော်သိတဲ့မျက်နှာတွေကိုတွေးရင်းရင်လေးနေမိတယ်…..မျက်နှာတွေ…….မျက်နှာတွေ…
…
.မျက်နှာသိ၊မျက်နှာခံ၊မျက်နှာပေး၊မျက်နှာကြောတင်း၊မျက်နှာဖုံး၊မျက်နှပြောင်တိုက်၊မျက်နှာပျက်၊မျက်နှာတန်းမိ၊မျက်နှာစုံညီ
၊မျက်နှာမြင်၊မျင်နှာဖုံး
၊မျက်နှာပြောင်တိုက်၊မျက်နှာပျက်၊ရှေ့မျက်နှာနောက်ထား၊မျက်နှာတော်ဖူး၊မျင်နှာရှိ၊မျက်နှာစိမ်း၊မျက်နာလိုအားရ၊မျက်နှာခိုသွေး
၊မျက်နှာလို၊မျက်နှာပွင့်
၊မျက်နှာပန်းလှ၊မျက်နှာရိပ်မျက်နှာကဲ၊မျက်နှာကြီး……..ဒီမျက်နှာတွေကိုရင်ဆိုင်ဖို့…..ကျွန်တော်မှာအသင့်အတင့်နှလုံးသား
၊ဥာဏ်ပညာတွေရှိမယ်……
.ရှိနေအောင်ထာဝရသင်ယူနေမယ်…..
Subscribe to:
Posts (Atom)