အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Friday, December 21, 2012

ကျနော်၏ ရောက်တတ်ရာရာများ



ဒီဇင်ဘာ ၂၂ ဒိုင်ယာရီ………………
ဒီလ ရွာကိုနှစ်ခေါက်ပြန်ခဲ့တယ်
ရွာရိုးကိုးပေါက်ထန်းရည်လျှောက်သောက်ခဲ့တယ်
အကိုတွေနဲ့စကားပြောတယ်
ဆွေမိုးတွေနဲ့စကားပြောတယ်
မိတ်ဆွေတွေနဲ့စကားပြောတယ်

ဒီလအဆင်ပြေသလိုပြေးရင်းလွှားရင်းနေလိုက်တယ်
ချစ်သူသစ်နဲ့လည်းတွေ့ခဲ့တယ်
ချစ်သူဟောင်းနဲ့လည်းဆုံခဲတယ်

ဒီလမုံရွာမှာနေခဲ့တယ်
ကောလိပ်ကျောင်းသာကိုဖတ်တယ်
သပိတ်မှောက်ကျောင်းသားကိုဖတ်တယ်
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများကိုဖတ်တယ်
ဖိုဝင်တောင်ကမျောက်တွေကိုသွားကြည့်တယ်
လက်ပံတောင်းကိုသွားကြည့်တယ်
အမေစုကိုသွားကြည့်တယ်
ကျော်သူ ကိုသွားကြည်တယ်

ဒီလနှစ်သစ်ကူးတော့မယ်လ
Happy New Year လို့အော်ကြမယ့်လ
အော်နှစ်တွေ လတွေ ရက်တွေ နာရီတွေ စက္ကန့်တွေ
ပြန်စဉ်စားကြည့်တော အိမ်(home)နဲ့ဝေးတာ
၇နှစ်ရှိပြီကို…………

ငါအတွက်အိမ်လိုတယ် (လှသန်း ပွဲသိမ်းတေးသံ ကဗျာစု စာအုပ်မှ)
ငါအတွက်နေစရာ လိုတယ်
နေစရာဆိုတာ အိမ်ပေါ့
ဘယ်လိုအိမ်မိုးလဲ
ဗီလာလား၊ ကော့တိတ်ခ်ျလား
ဘန်ဂလိုလား၊ ကန်ထရိုက်တိုက်ခန်းလား
ကွန်ဒိုလား အာရ်စီပတ်ကား နှစ်ထပ်တိုက်လား
ပျဉ်ထောင်အိမ်လား၊ သုံးပင်နှစ်ခန်းလား
လေးပင် သုံးခန်းလား
ခြံစည်းရိုးမှာ ပုဏ္ဍရိတ်ပင်တန်းလေးတွေနဲ့လား
ဓနိမိုး ထရံကာ ဝါးတဲလေးလား
ငါ့အတွက် နန်းတော် မလိုဘူး
ငါ့အတွက် ရဲတိုက် မလိုဘူး
ငါ့အတွက် လှောင်အိမ် မလိုဘူး
ငါ့အတွက် ဂူမလိုဘူး
ဘာကြောင့်လဲ ဆိုတော့ ငါဟာ လူဖြစ်လို့
ငါ့အတွက် အိမ်ပဲလိုတယ်
ငှက်တွေအတွက် အသိုက်လိုသလိုမိုး
ကြွက်တွေအတွက် တွင်းလိုသလိုမိုး
ငါ နေခဲ့ဖူးတယ်
ဟိုတယ်တွေ၊ ဂက်စ်ဟောက်စ်တွေ
တည်းခိုးခန်းတွေ၊ အပါ့တ်မင့်န်တွေ
ဒါတွေဟာ ခေတ္တပဲ
ဒါတွေဟာ ယာယီပဲ
ငါ့အတွက် နေစရာလိုတယ်
ငါ့အတွက် အိမ်လိုတယ်
ငါ့အိမ်မှာ ရေကူးကန် မလိုဘူး
ပန်းခြံ မလိုဘူး၊ တင်းနစ်ကုတ် မလိုဘူး
ဆားဗင့်ကွာတာ မလိုဘူး၊ မြင်းဇောင်းမလိုဘူး
ငါ့အတွက် အိမ်လိုတယ်
သောက်ရေတွင်းရှိတဲ့
အိမ်သာရှိတဲ့
လေကောင်းလေသန့်ရှိတဲ့
ပျော်ရွှင်မူရှိတဲ့
မေတ္တာတရားရှိတဲ့
လွတ်လပ်မူရှိတဲ့
အဲဒီလို အိမ်မိုးလိုတယ်
ကလေးဘဝက မိခင်ရင်ခွင်ထဲမှာ နေရသလိုမိုး
လုံခြုံစိတ်ချရတဲ့ အိမ်မိုး လိုတယ်။ ။  

Thursday, November 1, 2012

၂၅.၄.၂၀၁၂ ပြိုင်ပွဲအခမ်းနားနှင့် ဆုပေးပွဲအခမ်းအနား



၂၅.၀၄.၂၀၁၂ ရက်နေ့လောကပြတင်းစာကြည့်တိုက် စာပေဟောပြောပွဲနှင့် စာပေပြိုင်ပွဲ ဓာတ်ပုံများ.......

ဆရာတော်အရှင်စန္ဒာလင်္ကာရ စာပေအကြောင်းဟောပြော
စာကြည့်တိုက်မူးဦးဇင်မင်းထွန်းမှ လူငယ်နှင့်တာဝန်ယူစိတ်အကြောင်းပြော...
ဧည်သည့်တော် ဦးတူးမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား...
ကျေးရွာအုပ်ခူပ်ရေးမူးဦးလှသောင်မှ အဖွင့်အမှာစကားပြောကြား...

၁၁.၁၁.၂၀၁၁ ရက်နေ လောကပြတင်းဖွင့်ပွဲ မှတ်တမ်းတင် ဓာတ်ပုံများ။

တပုန်းကျေးရွာ အုပ်ခူပ်ရေးမူး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးခူပ် ဦးသာအေး
တွဲဖက်စာကြည့်တိုက်မူး ဦးဌေးလိုင်နှင့် ဦးသာဌေး
ခုံရုံးဥက္ကဌ ဦးသိန်းစိုး နှင့် စာကြည့်တိုက်မူး ဦးဇင်မင်းထွန်း ၁၁.၁၁.၁၁ ရက်နေ့။

Friday, October 12, 2012

လောကပြတင်းစာကြည့်တိုက်မှ ကျေးဇူးတင်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ကိုမိုးအောင်လှူဒါန်းသောစာအုပ်စာရင်းများ။
လောကပြတင်းစာကြည့်တိုက်မှ ကိုမိုးအောင် အားမှတ်တမ်းတင်ဂုဏ်ပြုပါသည်။

Wednesday, October 10, 2012

ကွပ်လပ်များကို...............?

အင်း........အမှန်တော့ဒီစာ ဘလော့ဂ်လေးက ရွာစာကြည့်တိုက်အတွက်ဆိုပြီး...ရည်ရွယ်ပြီးလုပ်တာ..အစကတော့ ဒီဘလော့ဂ်နာမည်လေးကို  လောကပြတင်း လို့ပေးမယ့်ပေါ့။  လောကပြတင်းစာကြည့်တိုက်ကို အစွဲပြုပြီးဖွင့်တဲ့ဘလော့ဂ်လေးဖြစ်နေလို့။။လောကပြတင်းစာကြည့်တိုက်နဲ့ ပတ်သက်တဲ့အချက်လက်လေးတွေသိမ်းထားမယ်။ အလူ့ရှင်မှတ်တမ်းတွေပြိးရင်.....ရွာအကြောင်းလေးတွေရေးမယ်ပေါ့။ ရွာကိုအလွမ်းပြေ၊အမိကိုအလွမ်းပြေ၊
အဖကိုအလွမ်းပြေ.......အင်းဒီအတိုင်း ကိုယ်ခံစားရတာတွေ၊ ကိုယ်အတွေ့အကြုံတွေလည်း....ပါနေမှာဆိုတော့....လောကပြတင်းစာကြည့်တိုက်အစား......
မောင်ငွေဘောရဲ့ဒိုင်ယာရီ လိုပဲခေါင်းစဉ်တတ်လိုက်ရတယ်..............ဒိုင်ယာရီဆိုတဲ့အတိုင်း နေစဉ်ထိတွေနေတာလေးတွေ....
ကြုံတွေရတာတွေ....တိုက်ဆိုင်မူတွေ.....ကိုယ်မတောက်တစ်ခေါက်...........ဖတ်မိတာလေးတွေကို...
ရေးခြစ်ဖြစ်သည်......ဒီဘလော့ဂ်လေးစဖွင့်တော့......(ကို)ထူးအိမ်သင်ရဲ့သီးချင်လေးကို...ရေခြားမြေခြား
သူငယ်ချင်းတစ်ယောက်က တောင်းဆိုတာရယ်......တိုက်ဆိုင်မူလေးတစ်ခုရယ်ကြောင့်...သူငယ်ချင်းအတွက်
ဆိုတဲ့သီချင်းလေး.......ပို့စ်လုပ်ဖြစ်သည်။..................ယခုလည်း...ဖတ်မိတာလေးကိုပို့လုပ်လိုက်သည်။ (ကို)နေဘုန်းလတ် www.nayphonelatt.com ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် စာအုပ်မှဖြစ်သည်။........  သက်ရှိကွက်လပ်များ..........
လက်ဖက်ရည်ဆိုင်ကလေးလေး
တာမွေလိုင်းကားက စပယ်ယာ ........အလုပ် လုပ်နေတဲ့ကလေးတွေအကြောင်း........ကျွန်တော်တို့ရွာဘက်မှာဆိုရင်တော့ ပန်းခိုးပန်းေ၇ာင်း....ကောက်စိုက်.....ပေါင်းနုတ်..........ပေါင်းသင်......ဟိုဘက်အစွန်မှာလည်းကလေးလေးတွေ
အကြောင်းကြောင်းကြောင့် ကျောင်းကနေဟိုအဝေးကြီးမှာရှိနေကြမည်။..............(ကို)နေဘုန်းလတ်ရဲ့ ကဗျာလေးကို ရွတ်ရင်း.....ဆုတောင်းရသည်....ပန်းတိုင်းပွင့်ကြပါစေ။

သက်ရှိကွက်လပ်များ
စာတွေအော်ကျက်နေရမယ့် မင်းတို့နူတ်ဖျားက
တူးတီးပေါ့ကျတဲ့
တာမွေ တာမွေ တစ်ယောက် ၁၅၀ ပဲတဲ့
ညီလေးရယ် ၀မ်းေ၇းဆိုတဲ့စကားလုံးအောက်မှာ
မင်းတို့ရဲ့အနာဂတ်တွေ ပျောက်
မင်းတို့ရဲ့ စိတ်ထဲမှာတော့
ငွေစတွေကသာ မင်းတို့ဘ၀တွေရဲ့ တည်ဆောက်ရာပေါ့
အပေါင်းအနုတ် အမြောက်အစား
ကိန်းဂဏန်းအက္ခရာတွေများစွာကို
ကိုယ်လိုရာ အသုံးချနိုင်ဖို့
တွက်ချက်ရွတ်ဆိုနေရမယ့်အစား
မင်းတို့နူတ်ဖျားက
ဖန်တစ်ရာတေနေတဲ့ ဈေနူန်းတွေကို
အသေမှတ်ထားတဲ့ ဈေးတွက်နဲ့ တွက်
မင်းတို့ရဲ့ နောက်တစ်နေ့မနက်ဟာလည်း
ဒီလိုမပြည့်စုံတဲ့ ၀ဲဂယက်တစ်ခုပဲနော်
စာသင်ကျောင်းတွေက မင်းတို့ကိုမျှော်နေတယ်
ကျောင်းတက်ခေါင်းလောင်းသံတွေက မင်းတို့ကိုခေါ်နေတယ်
ဆရာ၊ ဆရာမတွေက မင်းတို့ကို မျှော်နေတယ်
စာသင်ခုံတွေက မင်းတို့ကိုခေါ်နေမယ်
နိုင်ငံရဲ့အနာဂတ်ကို
မိုးဆက်သစ်တွေရဲ့ လက်ထဲကို အပ်ဖို့
လူကြီးသူမတွေခမျာလည်း
မျက်ရည်စို့စို့နဲ့
မင်းတို့ကို မျှော်လင့်နေကြရဲ့။

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် www.nayphonelatt.com သက်ရှိကွက်လပ်များဆောင်းပါး....မှ။