အမှတ်တမဲ့ များရဲ့ အမှတ်တရများ...............။

Tuesday, May 21, 2013



မန္တလေး
မန္တလေးဆိုတာ
တစ်ခါက
ငါ တယုတယစီးခဲ့ရတဲ့ ဖိနပ်တစ်ရန်ပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါ ခက်ခက်ခဲခဲသောက်ခဲ့ရတဲ့ ဘီယာတစ်ခွက်ပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါစွဲလမ်းနှစ်သက်ခဲ့ရတဲ့ ရမ်အရက်တစ်ပုလင်းပေါ့။
မန္တလေးဆိုတာ
တစ်ခါက
ငါကျကျနနဝတ်ခဲ့ရတဲ့ ရှပ်အင်္ကျီတစ်ထည်ပေါ့။
ခုတော့
မန္တလေးဆိုတာ
မိဘစကားကို မလွန်ဆန်နိုင်လို့
ချမ်းသာတဲ့ယောက်ျားကို မနှစ်သက်ဘဲယူခဲ့ရတဲ့
ရိုးရိုးအအ မိန်းကလေးတစ်ယောက် ဖြစ်နေပါပေါ့လား။
လှသန်း

No comments:

Post a Comment